OSOD-6(U&Z)

66.7K 6K 1.6K
                                    


အပိုင်း(၆)

2017ခုနှစ်>>

"အပါရေ..သားလေး ထမင်းစားရအောင်လေကွယ်
တစ်မနက်လုံးဒီPhoneပဲကြည့်နေတာ မျက်လုံးတွေထိခိုက်ကုန်မှဖြင့်"

"ခဏလေးပါမေမေရယ် ဘာမှမဖြစ်ပါဘူးဗျာ
ဒီတစ်ပွဲတည်း"

"ပြီးရင် လာစားတော့ အချိန်တွေလွန်ကုန်မယ်"

"အိုခေ မေမေ"

ကျောင်းမတက်ခင် ကျူရှင်ပိတ်တုန်း ရွာကို ခဏပြန်လာတဲ့ သားတော်မောင်က အခွင့်အရေးရခိုက်phoneကို သည်းကြီးမည်းကြီးကြည့်နေသည်။ 10တန်းကျောင်းသားကြီးဖြစ်တော့မည့်သားလေးကို အမြဲအရိပ်တကြည့်ကြည့် ဂရုစိုက်နေပေမဲ့ ဒင်းလေးက‌တော့ အပူအပင်မရှိ သာသာယာယာပင်။

ဟူး..သားလေးတစ်ယောက်မွေးထားပါတယ် ပြန်မပြောနားမထောင်ဘယ်လိုဟာလေးမှန်းပင်မသိ။သူ့အဖေကလည်း အလိုလိုက်တာလွန်ရော သားကဒါဆိုဒါ ဟိုဟာဆိုဟိုဟာ ဘာမဆိုဖြစ်နိုင်အောင်လုပ်ပေးနေတာမို့ ကလေးကပိုဆိုးလာသလားမသိ။အမေဖြစ်တဲ့ကိုယ်နဲ့ဆိုရင်ပိုဆိုးသည်။အသက်ကြီးလာမှ ရတဲ့ကလေးမို့ အချစ်တွေအားလုံးစုပုံပြီးပေးမိတာလည်းပါသည်ပေါ့လေ။ ရိုင်းရိုင်းစိုင်းစိုင်းမဟုတ်တာလေးနဲ့ပင် ကျေနပ်ပါပြီ။

Gameဆော့ပြီးနောက် မျက်လုံးခဏအနားပေးနေစဥ် တွေးမိသည်က 10တန်းအောင်စာရင်းထွက်တော့မည့်အကြောင်း။အင်း တစ်ယောက်သောသူကလည်း 10တန်းဖြေထားတာမို့ နှစ်တိုင်းစိတ်မဝင်စားခဲ့တဲ့ resultကြီးက ဒီနှစ်တော့ ရင်ခုန်စရာကောင်းနေသည်။6တန်းနှစ်ပြန်လာကတည်းက တွေ့ခဲ့ရတဲ့သူ့ကို အသည်းအသန်သတိရ‌နေတာမျိုး မဟုတ်ပေမဲ့ ဖြူဖြူဖွေးဖွေးသူ့အသားအရေရယ်၊ မရယ်ပါဘဲ စကားပြောနေရင်းနဲ့တောင် ခွက်ဝင်သွားတတ်တဲ့ ပါးချိုင့်လှလှတွေရယ်က မေ့မရတဲ့ အကြောင်းအရင်းတွေများလား။
8တန်း၊9တန်း 2နှစ်လုံးရွာကိုပြန်လာတဲ့အချိန်တွေရှိပေမဲ့
မြစ်ဆိပ်မှာဘောလုံးတစ်ခါမှန်ပြီးကတည်းက ခဏတဖြုတ် အရိပ်လေးတောင်မတွေ့မိတော့ပါ။ သူ့ညီမလေးဆိုတဲ့တစ်ယောက်ကိုသာ ခဏခဏ မြင်ရပေမဲ့ သူ့ကိုတော့ဖြင့် မတွေ့ရပေ။
အဟွန်း...အိမ်တွင်းပုန်းလေး အဲ့ဒါကြောင့်လည်း ပိုးဟပ်ဖြူလေးလိုဖြစ်နေတာ။

Other Side Of Diversity (Completed)Where stories live. Discover now