Croupier Vs Gambler

Start from the beginning
                                    

"ဘော့စ်လင်း...အောက်ထပ်က အရေး
ပေါ်အကြောင်းကြားတယ်"

Yokohama Sanက သူ့နားနားတိုးကပ်ကာလေသံမှန်နဲ့ပြောလာတယ်။ ဒီလောက်ဆို သူကိုယ်တိုင်ဖြေရှင်းဖို့
လောက်ထိ ကြီးနေပြီဆိုတာ အတွေ့အကြုံအရချက်ချင်းသိတယ်။

"မကာအိုအဖွဲ့က Coilလဲနေတဲ့ အချိန်
ကြားဖြတ်hackခံလိုက်ရတယ်တဲ့"

ဒီနောက်ပိုင်းဘယ်လောက်ပဲ နည်းပညာ
တွေတိုးမြှင့်ပါစေ။ Hacker ချာတိတ်
တချို့ရဲ့ လက်စောင်းထက်မှုကလည်း
ဘယ်တော့မဆို သစ်လွင်နေမြဲပဲ။

"ဘယ်လောက်ပါသွားလဲ"

သူတည်တည်ငြိမ်ငြိမ်ပဲမေးပေမဲ့ စိတ်ထဲမှာတော့ ဒီအတိုင်းပြီးသွားမယ့်ကိစ္စ
မဟုတ်ဘူးဆိုတာကို သိနေတယ်။

"တစ်ပတ်စာမို့ သန်းချီတယ်။ စာရင်း
အတိအကျကိုတော့ လိုက်နေတုန်းပါ"

"တစ်ခုခုဟက်မိလိုက်တာရှိလား"

"တစ်ဖက်က တော်တော်​ကာထားနိုင်
တယ်။ ID ရပေမဲ့ ခုထိခြေရာမခံနိုင်
သေးဘူး။ ဒါပေမဲ့..."

Yokohama san က သူ၏ ဆက်သွယ်
ရေး ကိရိယာကို ဖြုတ်ပြီး သူ့နားပို
တိုးကပ်လာလေတယ်။

"ကျွန်တော်တို့ နည်းပညာအဖွဲ့က ခြေရာခံထားမိတယ်။ ဘော့စ်ကိုအောက်ထပ်ဆင်းခဲ့စေချင်တယ်"

သူတို့အသိုင်းအဝိုင်းမှာ ဒါပါပဲ။ လောင်းကစားက ကွိုင်ကနေငွေကြေး
လွှဲပြောင်းမှုမှာ တစ်ပတ်ရိုက်တဲ့ ကိစ္စ
တွေရှိစမြဲပဲ။ တချို့ကလည်း ကတ်စီနို
ကိုယ်တိုင်ကကို တစ်ဖက်လှည့်နဲ့လုပ်
လိုက်တာတွေရှိတယ်။ ဒါမှမဟုတ်ရင်
လည်း အခုလို ကြားဖြတ်အလုခံရရင်ဟက်ကာကို အရင်အနံ့ခံရသူက ပိုင်စမြဲပဲ။ ကြားဖြတ်သွားတဲ့  ဟက်ကာကို
တော့ ခြေချော်လက်ချော်မဖြစ်အောင်
အတတ်နိုင်ဆုံးပိပိရိရိလုပ်ကြတာပေါ့။
ဒေါ်လာသန်းချီဆိုတဲ့ ပမာဏကြောင့်လူ
တိုင်းက ငွေကလွဲပြီး ဘာမှမျက်လုံးထဲ
မထည့်ကြ။ အခုလည်း သူ့ကတ်စီိနိုက
လောင်းကစားအနိုင်ရသူတွေဆီကနေ
တစ်ဖက်လှည့်နဲ့ဘယ်တော့မှ ဖျံမကျပေမဲ့ အခုလို ကိုယ့်ခွင်ထဲရောက်လာရင်
တော့ လှုပ်ရှားတတ်တယ်။

NANI?Where stories live. Discover now