​~~လေပြေညှင်းတွေ..တိုက်ခက်မှ
သာယာပါတယ်....ချစ်သူအပြုံး~~

~~အချိန်တိုင်းမှာ..အနားရှိမှ
ပျော်ရွှင်ပါတယ်..ချစ်သူအပြုံး~~

~~အိပ်မက်ထဲက..ထုတ်လို့မရ
ကြင်နာသူရေ...မင်းမျက်ဝန်း~~

~~ဘယ်လိုမှကို..မေ့လို့မရ
ကြင်နာသူရေ...မင်းမျက်ဝန်း~~

~~တစ်ယောက်ထဲသာ....
မင်းတစ်ယောက်ထဲကို..ချစ်တာ~~

~~တစ်ယောက်ထဲသာ....
မင်းတစ်ယောက်ထဲ..မြတ်နိုးတာ~~

~~မင်းတစ်ယောက်သာ...
ငါ့ဘဝမှာ....အလိုချင်ဆုံး~~

~~မင်းတစ်ယောက်သာ...
ငါ့ဘဝရဲ့...အလိုအပ်ဆုံး~~

အသွင် နှောင်းဖွင့်ပေးသောသီချင်းကိုကြားသည်နှင့် နှောင်းဘက်သို့ တချက်ငှဲ့ကြည့်လိုက်သည်။နေဝန်းကြီးကိုသာသီချင်းနှင့်အတူစီးမျောကာခံစားနေသောကိုနှောင်းသည် မျက်လုံးမှေးပေမယ့်မျက်တောင်ကော့ကော့ကလေးကကိုနှောင်းရဲ့ဆွဲဆောင်မှုတစ်ခုပင်။မေးရိုးထင်းထင်း၊နှာခေါင်းလုံးလုံး၊နှုတ်ခမ်းမွှေးခပ်ရေရေကလေးနှင့်ကိုနှောင်းသည် ကျွန်တော်နှလုံးတစ်ခုလုံးကို မထိတထိကိုင်ပေါက်နေသလားပင်။

သီချင်းလေးပြီးဆုံးသွားတော့ နှောင်းအသွင်ဘက်သိုလှည့်ပြီး

"အသွင်..."

အသွင် သူကိုခေါ်သောကိုနှောင်းကိုပြန်လည်ကြည့်လိုက်သည်။ကိုနှောင်း​၏မျက်လုံးများက တစ်ခုခုပြောချင်သလိုပင် စိုးရိမ်းမှုလည်းရောယှက်လျက်။

နှောင်း အသွင်ကိုပြောရန် အားယူနေရသည်။ရှေ့က မျက်လုံးကလယ်ကလယ်နဲ့ ကောင်လေးသည်သူကိုကြည့်နေသည်။မျက်လုံးဝိုင်းဝိုင်း၊ မျက်တောင်ပါးပါး နှာတံစင်းစင်းကလေးနှင့် ထိုကေညင်လေးသည်သိပ်လှ​၏။

"ကိုယ်၊ ကိုယ်ပြောစရာရှိလို့...."

​အသွင်ကခေါင်းငြိမ့်ပြသည်။
လေနုလေအေးတွေကတိုက်၍ထင် ထိုကောင်လေးရဲ့ ဆံပင်က ခပ်လွင့်လွင့်။နေဝန်းကြီးကလဲ နှောင်းအပြောကို စောင့်နေသည့်အလား။

"ကိုယ်၊ ကိုယ်...အသွင်နဲ့ကိုယ်တွဲရအောင်..."

အသွင် နားကြားလွဲတာများလား။
နှောင်းထိုသို့ပြောလိုက်တော့ ရှေ့ကလူသားလေယက အံ့ဩမည်ထင် ပါးစပ်ကလေးက အနည်းငယ် ပွင့်ဟလို့။

မုသားဖြင့်လှည့်စား၍Where stories live. Discover now