Part6

267 31 9
                                    

အသွင်တို့တက္ကသိုလ်တက်လာတာ ပထမနှစ်ပြီးတော့မည် ဖြစ်သည်။ကိုဇေတို့နှင့်ရင်းနှီးလာခဲ့ကြသည်။သွားတူလာတူစားတူတဲ့အထိ ခင်လာခဲ့ကြသည်။မနက်ဖြန်ဆိုခြူးရဲ့18နှစ်ပြည့်မွေးနေ့ဖြစ်သည်။

"ဟယ်လို...ခြူး သမီးလေးမေမေတို့ မွေးနေ့အမှီမရောက်ဖြစ်တော့ဘူး တစ်ပတ်ကြားအုံးမယ် ဖြစ်တယ်မလား သမီးလေး"

"ဖြစ်တယ် ဖေဖေနဲ့မေမေ သမီး အသွင်တို့နဲ့ဘဲ ဘိုးဘွားရိပ်သာမှာအလှူငွေထည့်လိုက်မယ်...အားလုံးစီစဉ်ပြီးသွားပြီ...ဖေဖေတို့အလုပ်ကိစ္စသာ အေးဆေးလုပ်ခဲ့ကြနော်"

"ကောင်းပြီး သမီးလေး ဖေဖေတို့ဖုန်းချလိုက်တော့မယ်နော်"

"ဟုတ်ကဲ့ဖေဖေနဲဲ့မေမေ goodnight "

"ok good night သမီးလေး"

*********************************

တက္ကသိုလ် ကန်တင်း၌
"မနက်ဖြန်......ခြူးရဲ့မွေးနေ့မလား...ခြူး"

အသွင်ခြူးကိုမေးလိုက်ခြင်းဖြစ်သည်။

"ဟုတ်လား...ခြူးမွေးနေ့လား"

ဇေဇေ အသွင်ပြောတာကိုအတည်ပြုချင်၍မေးလိုက်သည်။

ခြူးကတော့ရယ်ပြီးပြန်ပြောလာသည်။

"ဟုတ်တယ်...ဟီး...မှတ်မိတယ်ပေါ့..အသွင်"

"မမှတ်မိဘဲနေမလား....ခါတိုင်းဆိုရင်..ဘယ်သူလဲမသိ မွေးနေ့ရောက်ခါနီးရင်...တစ်တွတ်တွတ်နဲ့ တာလိကာမလေးလိုဘဲ"

အသွင်သောက်လက်စသံပုရာဖျော်ရည်ကိုသောက်၍ပြန်ပြောလိုက်သည်။ထို့နောက် ခြူးရဲ့မျက်စောင်းလှလှလေးထိုးခြင်းကိုခံရပါလေရော။ဇေဇေခြူးမျက်စောင်းထိုးတာကိုမြင်၍စိတ်ထဲမှာ အား...အသဲယားလိုက်တာကွာ.....ကိုယ့်ကိုဘာတွေနဲ့ပြုစားတာလဲကွာ..။

"ကောင်စုတ်"

အသွင်နဲ့ခြူးပြောတာကိုကြည့်ပြီးရီနေတဲ့သူမှာတော့ နှောင်း သျှင်ယွန်းနှင့် စစ်မင်းအိမ်တို့ဖြစ်သည်။ ဇေဇေကတော့ဘာပေးရင်ကောင်းမလဲ စဉ်းစားခန်းဖွင့်နေသည်။

"မနက်ဖြန်...ဘာလုပ်ဖို့စီစဉ်ထားလဲ..ခြူး"

ဇေဇေ ခြူးကိုမေးလိုက်ခြင်းဖြစ်သည်။

မုသားဖြင့်လှည့်စား၍Hikayelerin yaşadığı yer. Şimdi keşfedin