Part 15

223 23 22
                                    



         အသွင်တို့အုပ်စု Oceanထဲရောက်နေခြင်းဖြစ်သည်။မနေ့တုန်းက ဇေဇေနိုင်ထားသည့်အတွက်ဒီနေ့ စစ်မင်းအိမ်မှာဘဲ အားလုံး မုန့်လုပ်စားမယ့်ဖြစ်သည့်တွက်ကြောင့် လိုအပ်တာ လာဝယ်ကြခြင်းဖြစ်သည်။

"စစ် မင်းအိမ်မှာ အိုးခွက်ပန်းကန်တွေရှိလို့လား...."

ဇေဇေမေးလိုက်ခြင်းဖြစ်သည်။

"ရှိတယ်..."

​"အော်..."

"ကို...ခြူးနဲ့မမက အသီးအရွက်ဘက်သွားဝယ်လိုက်မယ်"

ခြူးကဝင်ပြောလိုက်သည်။အသွင်နှင့်နှောင်းတော့ဒီတိုင်းတာကြည့်နေသည်။

"အဲ့ဆိုသွားမယ်လေ..."
ဇေဇေကပြောလိုက်သည်။

"အဲ့တာဆိုလဲ...စစ်လဲ သျှင်နဲ့တူတူသွားမယ်..."
စစ်မင်းအိမ်ပြောလိုက်ခြင်းဖြစ်သည်။အသွင်က ရှေ့ကအတွဲ နှစ်တွဲကိုကြည့်ပြီးဝင်ပြောလိုက်သည်။

"အကိုတို့အမတို့ရယ် သွားရင်လဲနှစ်တွဲလုံး စုသွားကြတော့ အသွင်မုန့်ဘက်သွားလိုက်မယ် ..အချိန်ကုန်သက်သာတာပေါ့..."

အသွင်ကပြောတော့ နှောင်းက
"ငါနဲ့အသွင်နဲ့မုန့်တွေဘယ်သွားဝယ်လိုက်မယ် မင်းတို့ကချက်ဖို့တွက်သွားလိုက်လေ..."

"အင်...အဲ့တာကောင်းတာဘဲ..အဲ့ဆို သျှင်ယွန်းတို့သွားပြီ.."

"အင်..."

*********************************************
အသွင်နဲ့နှောင်းမုန့်ဝယ်နေစဉ်

"ကုန်လို့လား...အဲ့တာတွေအကုန်လုံး..."

"ယောက်ဖ...စဉ်းစားပြီးမှပြော...လူ၆ယောက်စားမှာလေ..."

အသွင်ပြောမှ နှောင်းကျန်တဲ့သူတွေရောပါတာကို သတိရသွားသည်။

"အော်...ဟုတ်သားဘဲ..."

ထို့နောက် နှောင်းလဲဘီယာ တစ်ကဒ်ယူလိုက်သည်။အသွင်ကတော့နှောင်းယူတာသိပေမယ့် ဘာမှမပြော အချိုရည်တွေကိုသာရွေးနေသည်။

"ဟော့ပေါ့မလား...ယောက်ဖ လုပ်စားကြမှာက..."

"အင်...ကိုယ်ကမင်းထက်အသက်တစ်နှစ်ကြီးတယ်နော်...ရိုရိုသေသေခေါ်လို့မရဘူးလား..."

မုသားဖြင့်လှည့်စား၍Where stories live. Discover now