Part8

223 25 12
                                    


အသွင်နဲ့ခြူးရိပ်သာမှူးဆီလာခဲ့လိုက်သည်။

"အန်တီ...."

ခြူးက ရိပ်သာမှူးဆိုသည့်အန်တီကိုခေါ်လိုက်သည်။

"အော်....သမီးရောက်ပြီလား...ထိုင်ကြအုံးကွယ်"

ရိပ်သာမှူးဆိုတဲ့အန်တီက ရှေ့ကထိုင်ခုံကိုညွှန်ပြပြီးပြောလာသည်။

"ဟုတ်...အန်တီ...ခြူးသူငယ်ချင်းကလဲအလှူငွေထည့်ချင်လို့တဲ့"

"ဟုတ်လား....သာဓု သာဓု သာဓုပါကွယ်...ဘိုးဘွားတွေတွက်ကအလှူငွေလိုနေတာ.."

"ဟုတ် ကျွန်တော်နဲ့ကျွန်တော့်လေးလေးပေါင်းပြီးလှူမလိုပါ"

"အလှူငွေက ဘယ်လောက်လဲ သား"

"10သိန်းပါ အန်တီ"

​"မွန်မြတ်လိုက်တာကွယ်...ဘုန်းကြီးလို့သက်ရှည်ပါစေ ဆန္ဒနဲ့ဘဝ ထပ်ထဲကျပါ​စေကွယ်"

"ဟုတ်ကဲ့အန်တီ..ပေးတဲ့ဆုနဲ့ပြည့်ပါရစေ"

"ငွေသားကတော့ သမီးလေးခြူးလွှဲသလိုဘဲ ရိပ်သာရဲ့ဘဏ် accနဲ့ဘဲလွှဲလိုက်နော် သား"

ရိပ်သာမှူးဆိုသည် အန်တီကပြုံး၍ပြောလာသည်။

"ဟုတ်ကဲ့"

"ဒါဆိုရင် ခြူးတို့ဘိုးဘွားတွေရဲ့ဝေယျာဝစ္စ သွားလုပ်လိုက်ပါအုံးမယ်"

"ကောင်းပါပြီ အန်တီ ရိပ်သာက ဆရာမတစ်ယောက်ကိုထည့်ပေးလိုက်မယ်နော် "

"ဟုတ်ကဲ့"

ခြူးနဲ့အသွင် နှစ်ယောက်စလုံးပြန်ပြောလိုက်သည်။

ထိုနောက်ရိပ်သာမှူးထည့်ပေးလိုက်သည့်ဆရာမနှင့်ကိုဇေတို့ဆီပြန်လာခဲ့ကြသည်။

"ကိုဇေတို့...လုပ်အားပေးကြမယ်လေ "

ခြူးကပြောလိုက်သည်။ထိုနောက်ဆရာမက

"ဟုတ် ဒီဘက်လိုက်ခဲ့ပေးပါနော်"
"ဟုတ်ကဲ့"
​အသွင်တို့အားလုံး ဆရာမနောက်လိုက်လာခဲ့ကြသည်။အဘိုးအဘွားတွေနေတဲ့အဆောင်တို့ရောက်လာခဲ့ကြသည်။ထိုနောက် ဆရာမက
"ထွေထွေထူးထူးတော့လုပ်ပေးစရာမရှိပါဘူးရှင့် လက်သည်းခြေသည်းလေတွေညှပ်ပေးတာတို့ စကားပြောပြောတာတို့ဆိုရင်ရပါပြီ"
"ဟုတ်ကဲ့ ကျွန်တော်တို့လုပ်ပေးလိုက်ပါ့မယ်"
စစ်မင်းအိမ်ကိုထိုဆရာမကိုပြန်ပြောလိုက်သည်။
"ကောင်းပါပြီး"
ထို့နောက် အသွင်တို့လဲ အဘိုးအဘွားတွေရဲ့လက်သည်ခြေသည်းတွေကိုကုသိုလ်ဖြစ်ညှပ်ပေးလိုက်ကြသည်။အသွင်တို့လာကြတာ မနက်9နာရီဖြစ်တဲ့တွက် ထွေထွေထူးထူးတော့ လုပ်ပေးစရာမရှိတော့ပေ။

မုသားဖြင့်လှည့်စား၍Where stories live. Discover now