Part 10

251 21 10
                                    

အသွင်နဲ့ကိုနှောင်းတို့ ကိုနှောင်းမေမေရှိတဲ့(.....)ဆိုင်သို့ရောက်လာကြသည်။ထိုစဉ်နှောင်းကမေးလိုက်သည်။

"ကားပေါ်မှာဘဲနေခဲ့မလား...လိုက်ခဲ့မလား"
"နေခဲ့လိုက်မယ်..ကိုနှောင်း"
"အင်..ခဏစောင့်မကြာဘူး"
"ဟုတ်"
နှောင်းလဲပြောပြီးမေမေရှိရာလာခဲ့လိုက်သည်။
"မေမေ.."
"အော်..သားရောင်ပြီလား..သွင်လေးလဲမပါဘူးလား.. ခေါ်လာခဲ့လို့ပြောတာကို"
"ပါတယ်မေမေ..ကားပေါ်မှာဘဲကျန်ခဲ့တယ်"
"အော်...အဲ့ဆိုလဲအိမ်ပြန်ကြမယ်...ပြန်လိုက်အုံးမယ် သီတာရေ"

နှောင်းမေမေက သူ့သူငယ်ချင်းဖြစ်သူကိုလှမ်းနှုတ်ဆက်လိုက်သည်။
"အေအေ..ကောင်းပြီ နီလာ..နောက်လမ်းကြုံလဲဝင်ခဲ့နော်"
"အေအေ"
နှောင်းနှင့်နှောင်းမေမေလဲ ကားဆီလာခဲ့ကြသည်။အသွင်လဲအန်တီနဲ့ကိုနှောင်းလာတာတွေ့တော့ ကားပေါ်ကဆင်းလိုက်သည်။
"သွင်လေး မတွေ့တာကြာပြီကွယ် အိမ်လိုက်ခဲ့ထမင်းကျွေးမယ်အန်တီလက်ရာလေးစားသွားအုံး"
"ဟုတ်ကဲ့အန်တီ...အန်တီ ရှေ့မှာထိုင်လိုက်ပါ အသွင်နောက်မှာထိုင်လိုက်မယ်"
အသွင် ကားနောက်ခန်းမှာထိုင်ဖို့ပြောလိုက်သည်။
"မဟုတ်တာသားရယ်..ရှေ့မှာဘဲထိုင်"
"အဲ့ဆို အန်တီရော အသွင်ရော နောက်ခန်းမှာတူတူထိုင်ကြမယ်"
"ဒါလဲကောင်းတာဘဲ..."
အသွင်နဲ့အန်တီကကားနောက်ခန်းမှာထိုင်ပြီးလိုက်လာခဲ့လိုက်သည်။ကားပေါ် ၌
"သွင်လေးကမတွေ့တာကြာလို့ထင်တယ်...ချောလာလိုက်တာ မိန်းမချော ချောနဲ့ ချစ်ဖို့လဲကောင်း"
"ဟဲဟဲ...သွင်လေးနည်းနည်းမြောက်ချင်လာပြီ"
"ဟဲဟဲ...တကယ်ပြောတာ သွင်လေးရဲ့...ဖြစ်နိုင်ရင်အန်တီသာမွေးစားလိုက်ချင်တယ်"
အသွင်ကပြုံးလျှက်သား။
"ကိုနှောင်းရှိတာဘဲ...အန်တီ"
"နှောင်းလဲရှိ...သွင်လေးပါဆိုပိုကောင်းတာပေါ့"
"အဲ့ဆို...သားအတုလုပ်ပေးမယ်...ဟီးဟီး"
နှောင်းကတော့ မေမေနဲ့အသွင်ပြောတာတွေကိုကားမောင်းနေရင်သာနားထောင်နေသည်။စိတ်ထဲတွင်တော့ မေမေတို့များငါရှိသေးတယ်ထင်ရဲ့လား။
"ဟင်..သားအတု..."
"ဟုတ်တယ်လေ အန်တီ...ကိုနှောင်းကသားအရင်း အသွင်ကသားအတု"
"မဆိုးဘူး...သွင်လေးကအန်တီသားဖြစ်သွားပြီးအဲ့ဆို"
"ဟုတ်ကဲ့..."
ထိုစဉ် အိမ်ရောက်ပြီဖြစ်၍နှောင်းကဝင်ပြောလိုက်သည်။
"ကဲ...သားအရင်း သားအတု စီရင်ခန်းနောက်မှလုပ်ကြပါ..အခုအိမ်ရောက်ပါပြီခင်ဗျာ"
ကိုနှောင်းပြောမှဘဲအိမ်ရောက်မှန်းသတိထားမိတော့တယ်။အန်တီနဲ့ပေါက်ပေါက်ဖောက်နေကြတာနဲ့။
"သွင်လေးလာလေ..."
နှောင်းမေမေကအသွင့်ကိုခေါ်လိုက်သည်။ကိုနှောင်းကတော့ အိမ်ရောက်တာနဲ့အိမ်ထဲတန်းဝင်သွားသသည်။နောက်တောင်လှည့်မကြည့်။
ထို့နောက်...အသွင်လဲဧည့်ခန်းမှာထိုင်နေလိုက်သည်။

မုသားဖြင့်လှည့်စား၍Where stories live. Discover now