Part 18

179 16 12
                                    

"ရော့..."

စက်ဘီးမှောက်တဲ့နေ့က နှောင်းကျန်ခဲ့တဲ့အင်္ကျီကို အသွင်ပြန်ပေးနေခြင်း။

"ဟာ...ကိုခန့်မှူးသွင်....ကျေးဇူးအရမ်းအရမ်းကိုတင်ပါတယ်ခင်ဗျာ..."

နှောင်းတစ်ယောက်မျက်နှာက ပြုံးစိစိဖြင့်။ဘာကိုအလိုကျ၍ပြုံးစိစိဖြစ်နေနေတာလဲဆိုတာ သူကိုယ်တိုင်သာသိပေလိမ့်မည်။

"တော်ရုံပြောလဲ...နားလည်တယ်ယောက်ဖ..အိုဗာတင်တွေဖျော်မနေနဲ့..."

"လေးစားသမှုနဲ့ပါ...."

"ဖြစ်ရမယ်..."

"ကိုယ်ဘွဲ့ယူမယ့်နေ့လာမယ်မလား...သနှာလေး"

"အင်း......"

​အသွင်တသ်ယောက် မေးစိကိုလက်ညှိုနဲ့ပွတ်နေပြီး စဉ်းစားဟန်လုပ်နေ​၏။

ထို့နောက်အသွင်က

"လာမယ်လေ...ယောက်ဖတစ်ယောက်ထဲဘွဲ့ယူမှာမှမဟုတ်တာ...ကိုဇေတို့မသျှင်တို့လဲဘွဲ့ယူမှာဘဲဟာကို..လာရမှာပေါ့"

အသွင်ကဖြေတော့ နှောင်းမျက်နှာငြှိုးသွားလေသည်။ရင်ထဲကအမည်မသိတဲ့ခံစားချက်လေးကပိုင်ရှင်တောင်သတိထားမိပါရဲ့လား။

ထိုနောက်အသွင်က

"ယောက်ဖတောင်ကျောင်းပြီသွားပြီကွာ...တစ်ဝိုင်းမကျွေးချင်ဘူးလား.."

".........."

နှောင်းတစ်ယောက် ဘာမျှပြန်မပြော အဝေးကပန်းပင်တွေသာငေးကြည့်နေသည်။ပန်းကလေးတွေကတော့ သူကိုကျည်စားနေသယောင်။

"ယောက်ဖလို့...ပြောနေတာနားထောင်နေလား"

"ဟမ်..အမ်..ဘာပြောတာလဲ...ကိုယ်အတွေးလွန်နေလို့..."

"တစ်ဝိုင်းကျွေးမယ်မလားလို့...မေးနေတာ..."

​"အင်...ကျွေးမယ်လေ.."

နှောင်းရဲ့အသံက တက်ကြွမနေတော့။အဝေးကပန်းပင်ကိုသာကြည့်မြဲ။ပန်းကလေးတွေကတော့ လေညှင်းလေတွေအလိုကျ ဘယ်ညာယိမ်းနွဲ့လို့။အသွင်ကလဲနှောင်းရဲ့အဖြစ်ကိုသတိထားမိရာ

"ကိုနှောင်း....ကိုနှောင်း...ကိုနှောင်းလို့.."

"ဟမ်...အော်...ပြောလေ"

မုသားဖြင့်လှည့်စား၍Where stories live. Discover now