"အသွင်..."

နှောင်းကခေါ်သောလဲ အသွင်ကလှည့်မကြည့် ကောင်းကင်ကိုသာမော့ကြည့်မော့ကြည့်ဖြင့်။နှောင်းလဲပြေးပြီ အသွင်ဘေးမှာနေရာယူပြီးလျှောက်လိုက်လာသည်။စိတ်ထဲအသွင်ဘယ်သွားတာကိုသိချင်လာသည်။

"အသွင်..ဘယ်သွားမလို့လဲ.."

ထိုမှ အသွင်က

"ဟိုမှာသွားထိုင်ပြီး နေဝင်ချိန်ကြည့်မလို့..."

အသွင်ပြောသည့်နေရာကြည့်ရာ ကျောက်ဆောင်နှင့် ဘုရားညီနောင်ဖြစ်နေသည်။ဒီကောင်လေး သိမ့်ကဗျာဆန်ပါလား။

​မိုးကောင်းကင်ပုစွန်ဆီရောင်၊တိမ်လွှာကလေးများကမထူမပါးနှင့် ပုစွန်ဆီရောင်ကောင်းကင်တွေကြားကဝင်လုဆဲဆဲ နေဝန်းကြီးကနေသိပ်လှသည်။ကောင်းကင်အောက်အောက်က ပင်လယ်ပြင်ကြီးမှာ ပြာလဲစွာတည်ရှိပြီ ကမ်းစပ်မှ ကျောက်ဆောင်နှင့် ဘုရားညီနောင်ကြားမှ လှိုင်းဖွေးဖွေးလေးမှား​၏ရိုက်ခက်လာသံတို့ကိုကြည့်ရှုခံစားရသည်မှာ သိပ်ကိုကဗျာဆန်လှသည်။

    ထိုကျောက်ဆောင်နှင့်ဘုရားညီနောင်နှစ်ဆူ​၏ကြားတွင် အုန်းလတ်ဦးထုပ်ဆောင်းထားသော ကောင်လေးနှစ်ယောက်မှာ ပင်လယ်ပြင်ကြီးကိုမျက်နှာမူပြီး ကောင်းကင်မှနေဝင်ဆည်ဆာကို ငေးမောကြည့်နေကြသည်။အုန်းလတ်ဦးထုတ်ကိုယ်စီဆောင်ထားသောလူသားနှစ်ဦး အဖြူရောင်အင်္ကျီ၊ဒူးအတိရှိသော ဘောင်းဘီတိုဖြင့် ပင်လယ်လေပြေလေညှင်းလေးတွေက တိုက်၍ထင် အင်္ကျီအဖြူလေးမှာ ခပ်လွင့်လွင့်။ထို့နောက် ထိုလူးသား နှစ်ဦးထဲမှ တစ်ဦး တစ်နည်းအားဖြင့် နှောင်းက ဘေးရှိလူသားလေး​၏နားသို့ကပ်ခါ နားကြပ်တပ်ပေးပြီး "နားထောင်လေ"ဆိုသော ပုံစံလပြီပြီး အောက်ကသဲပြင်ပေါ်သို့ထိုင်ချလိုက်သည်။

နှောင်းကတော့ အသွင်ကို နားကြပ်တပ်ပေးပြီးနောက် ဟိုးပုစွန်ဆီရောင်ကောင်းကင်ကြီးမှ နေဝန်းနီနီ​၏ ဝင်လုဆဲဆဲ နေဝင်ဆည်းဆာအချိန်ကို ငေးမောကြည့်ရှုလိုက်တေရ့သည်။အသွင်လဲ နှောင်းတပ်ပေးသော နားကြပ်မှာ သီချင်းကိုသာ နားထောင်လိုက်သည်။

မုသားဖြင့်လှည့်စား၍Where stories live. Discover now