ဒါပေမဲ့.. သူက တစ်ယောက်စုံတစ်ယောက်အတွက် ရှင်သန်ချင်သေးသည် .. ထို့အတွက်..သူ့ကို သတ်ချင်နေသည့်သူ အားလုံးကို ဖျက်စီးပစ်မည် ။
ရီဗဲလ်၏ မျက်ဝန်းများက တဖြည်းဖြည်းနီရဲလာခဲ့သလို ရင်ဘတ်အနားက အမှတ်အသားမှာ ပိုထင်ရှားလာခဲ့သည် ။ အပြာလဲ့လဲ့ မျက်ဝန်းများ လုံးဝပျောက်ကွယ်တော့မည့် အချိန်တွင် ရီဗဲလ်၏ ခန္ဓာကိုယ်လေးသည် ဆွဲယူခံလိုက်ရသည် ။
" အရမ်းကြာလိုက်တာကွာ .." ရင်းနှီးနေသည့် အသံနဲ့အတူ ရင်းနှီးနေသည့် ရင်ခွင်ကျယ်ကြောင့် စိတ်ရိုင်းဝင်လုနီးပါးအခြေအနေသို့ ရောက်နေသည့် ရီဗဲလ် ကို သတိဝင်သွားစေသည်။  သန့်စင်နှလုံးသား ပိုင်ဆိုင်ထားသူများသည် အစွန်းဖျားတွင် ရပ်နေသည့် သူများနဲ့ တူပေသည် ။ တစ်ချက်မှားလိုက်သည်နဲ့ တသက်လုံး အဖတ်ဆယ်လို့ရမည် မဟုတ်ပေ ။ ရိုးလ် နဲ့ မတူသည်က ရီဗဲလ်သည် ထိုအရာကြောင့် အားနည်းနေခြင်းဖြစ်ကာ ရိုးလ် ခံယူချက်မှားသွားပါက သူ့ကို ဆုတ်ယုတ်သွားစေမည် ဖြစ်သော်လည်း ရီဗဲလ် ခံယူချက်မှားသွားပါက အသိစိတ်မဲ့နေသည့် ကြောက်မက်ဖွယ်အရာတစ်ခု မွေးဖွားလာပေလိမ့်မည် ။
အခါတိုင်းလိုပင် ခေါင်းလေးကိုခပ်ဖွဖွပုတ်ပေးလာခြင်းဖြစ်သော်လည်း ရီဗဲလ်က နွေးထွေးမှုကို  ပိုခံစားရသည် ။ သူ့စိတ်သည် ပိုလို့ ကြည်လင်လာခဲ့ကာ တစ်ခုခု တွေးကြောက်နေသည့် ခံစားချက်ကို မရခဲ့တော့ပေ ။ ရီဗဲလ်က ရိုမန်၏ ခါးကို ခပ်တင်းတင်းပြန်ဖက်လိုက်သည် ။
" ကျွန်တော်.. ကျွန်တော် လူသတ်မိတော့မလို .. " ပြန်ဖြေကြားလာသည့်အသံ မရှိခဲ့သဖြင့် ရီဗဲလ်က မျက်လွှာကိုအသာပင့်ကာ မော့ကြည့်လိုက်သည် ။ နီးကပ်လာသည့် မျက်နှာချောချောကို မြင်လိုက်ရပြီး နူတ်ခမ်းကို ဖိကပ်လာသည့် အထိအတွေ့ကို ခံစားမိလိုက်သည်။
" ကျွန်တော့် နှလုံး.. ကို ... ရချင်.. နေကြ " ဆက်တိုက်နမ်းနေသည့် ရိုမန်ကြောင့် ရီဗဲလ်မှာ ဗလုံးဗထွေးဖြင့်သာ ပြန်ပြောနိုင်လေသည် ။ သူ့စကားဆုံးခါနီးတွင် ရိုမန်က ရပ်တန့်လိုက်သည် ။ သူ့အကြည့်က ရီဗဲလ်၏ မျက်ဝန်းများကို စူးစိုက်ကြည့်ရင်း လက်တစ်ဖက်ဖြင့် ခါးလေးအား ဆွဲကပ်လိုက်ကာ ကျန်လက်တစ်ဖက်က ရီဗဲလ်၏ ရင်ဘတ်ပေါ်သို့ တင်လိုက်သည် ။