" ခနလေးဘဲ စောင့်ပေးပါ .. " ရီဗဲလ်၏ စကားကြောင့် ရိုမန်က သက်ပြင်းအသာချလိုက်ကာ ခေါင်းမညိတ်ချင်ဘဲ ညိတ်လိုက်ရသည် ။ " တစ်ခုခုဖြစ်ရင်.. ကိုယ့်ကိုခေါ်ဖို့သတိရ .." သူက လည်ဆွဲကို အသာထိကာ ပြောလိုက်သည် ။
ဂူတစ်ခုထဲတွင် ရီဗဲလ်က ရိုမန်၏ စကားများကြားယောင်ကာ သူ့လည်ပင်းက လည်ဆွဲကို အသာထိလိုက်သည် ။ သူ့လက်တွင် ထက်ရှသည့် ဓားမြောင်တစ်လက်ရှိနေကာ ခပ်လှမ်းလှမ်းတွင် ကလေးတစ်ယောက် ရှိနေခဲ့သည် ။ ရီဗဲလ်က ဖြေးဖြေးချင်းလျှောက်သွားလိုက်ကာ မျက်လုံးတို့ကို စုံမှိတ်လိုက်ကာ ကလေး၏ နှလုံးတည့်တည့်သို့ ထိုးချလိုက်သည် ။
သို့သော် အရေပြားနဲ့မထိခင် ဓားသွားထိပ်သည် ရပ်တန့်သွားခဲ့သည် ။
ချလွမ်!!!
" ငါ.. ငါ..ဘာလုပ်ဖို့ ကြိုးစားနေတာလဲ ?? " ရီဗဲလ်က သတိဝင်လာသကဲ့သို့ ဓားကိုပစ်ချကာ တုန်ယင်နေသည့် လက်များကို ကြည့်ကာ ခေါင်းကို ယမ်းခါလိုက်သည် ။ သူက ဒီအတောအတွင်း လုပ်ခဲ့သည့် ကိစ္စရပ်များကို ပြန်စဉ်းစားမိလိုက်ချိန် နူတ်ခမ်းကို ကိုက်မိလိုက်သည် ။
နှလုံးသားလဲလှယ်ခြင်း...
အက်စ်တွန် အိမ်တော်တွင် Vampire များ သူ့ကို လာဖမ်းသည့်အချိန်ကတည်းက နှလုံးသား လဲလှယ်ဖို့  စီစဉ်ခဲ့သည် ကိစ္စကို ပြန်တွေးရင်း ကိုယ့်ဘာသာ မယုံမကြည် ဖြစ်လာခဲ့သည် ။
ဖြန်း!!! ဖြန်း!!!
ရီဗဲလ်က သူ့ပါးသူပြန်ရိုက်လိုက်ကာ ဂူထဲမှ ပြေးထွက်လာခဲ့သည် ။ သူက ဒီလိုမျိုးလုပ်ရင် သူ့အားလိုက်ဖမ်းနေသည့် အဲ့ဒီလူတွေနဲ့ ဘာကွာခြားပါဦးမလဲ ။ မွေးကတည်းက သူ့တွင် ရိုးလ် ကဲ့သို့ သန့်စင်နှလုံးသား ပါမှန်း အနက်ရောင်ဝတ်စုံနဲ့ လူတစ်ယောက်သာ သိခဲ့သည် ။
ရိုးလ် လို အကာကွယ်ပေးမည့်အစား သူတို့က သူ့အား စတေးကာ သူတို့ စွမ်းအားတိုးဖို့သာ ပြုလုပ်ချင်နေခဲ့ခြင်းကြောင့်
ထိုလူကြောင့် သူသာ သေဆုံးရက်သတ်မှတ်ထားသည့်သူတစ်ယောက်ဖြစ်လာခဲ့သည် ။ ကြွက်တစ်ကောင်လို ပုန်းအောင်းနေခဲ့ရသည့် ဘဝရောက်လာခဲ့သည်။ ယနေ့ညသည် ပူဇော်ပွဲနေ့ ဖြစ်ကြောင်း သူက သေလျှင်တောင် မေ့မည်မဟုတ်ပေ ။ သူ့ဘဝရဲ့ အဆုံးသတ်ဟု သတ်မှတ်ထားသည့်နေ့ သူ လောကကြီးကနေ ထွက်သွားရမည့်နေ့ ... အရင်ကလို ပုံစံအတိုင်းသာဆို သူက ဖြစ်ချင်ရာဖြစ်နေမိ‌လိမ့်မည် ။