~မသိဖူး~

Começar do início
                                    

"ငါက နင်ဆေးအကူလုပ်ရမယ် " ယူအာက သူမဦးနှောက်ကို အလုပ်လုပ်နေလေသည်

"မလုပ်ချင်ရင် ဟိုမှတံခါးပေါက်မြင်လား ထွက်သွားလိုက်" သူက အထွက်တံခါးပေါက်အား လက်ညိုးထိုးလိုက်ကာ ပြောလေသည်

"မဟုတ်သေးဖူးလေ နင်ကလည်း "သူမက အသံချိုချိုသို့ ပြောင်းလဲသွားလေသည်

"ခုနကတည်းက နင် နင် နဲ့ ခေါ်နေတာ ငါမင်းနဲ့ရွယ်တူမဟုတ်ဖူး" ရှန်က စိတ်အနှောင့်အယှက် ဖြစ်နေပုံဖြင့် ပြောလေသည်

"ဟွန့် ၂နှစ်တည်းကြီးတာများ အ့တော့ ငါက နင်ကို ကိုကိုလို့ခေါ်ပေးရမှာလား?"

"ကိုကိုလို့ မခေါ်စမ်းပါနဲ့ ဒီတိုင်းပြောတာကမှ တော်သေးတယ်" ပြာယာခတ်သွားသည့် ပုံဖြင့် ရှန်ကပြောလေသည် "မလုပ်ချင်သွားတော့ ငါလည်းမကူညီနိုင်ဖူး"

"လုပ်ပါမယ် လုပ်ရင်ပြီးကော ငါမှာနေစရာအိမ်လည်းမရှိဖူး စားစရာလည်းမရှိတာကို အနိုင့်ကျင့်နေတယ်" သူမက မျက်နှာမဲ့ရွဲ့ပြရင်း ပြောလေသည်

"အိမ်က အတည်တကျတော့ရှိမှာတော့ မဟုတ်ဖူး ငါက မကြာခဏ သွားရလို့ အခုကတော့ ငါအခန်းယူသုံးလိုက် ငါကမိဘအိမ်သွားနေလိုက်မယ်" သူက သော့ကို ပေးလိုက်ရင်း သူက မျက်နှာတဖက်လှည့်နေလေသည်

ယူအာက သော့ကိုယူလိုက်ရင်း "ကောင်းပြီ အပေးအယူဖြစ်ပြီ စာချုပ်ချုပ်ဦးမလား?"

"ဘာလဲ မင်းက ငါကိုမယုံလို့လား ပိုက်ဆံမပေးမှာစိုးလို့လား?" ရှန်က ထိုအခါမှ ရီရင်း ပြောလေသည်

"ငါကိုမယုံဖူးထင်လို့ပါ " ယူအာက တခုခုတွေးရင်း ပြောလေသည်

"~အရူးမလေး~"ရှန်က ရေခဲပြင်ကြီးကို ကြည့်ရင်းပြောလေသည်

'ချောလိုက်တာ' ယူအာက သူမဘာသာမသိပဲ ထိုလူမျက်နှာကိုကြည့်ရင်း တွေးမိသွားလေတယ် 'ရုပ်သိမ်းလိုက်စမ်း ယူအာ အသိစိတ်ဝင်စမ်းပါ'

သူအခန်းကို လိုက်ပြပြီး သူက luggageကို အခန်းထောင့်များ ထားလိုက်ရင်း "ဒါက အိပ်ခန်း ဟိုဟာက ရေချိုးခန်း ...." စသည်ဖြင့် ပြောနေလေသည်

သူမ မျက်နှာက မကောင်းချေ တခုခုကိုတွေးနေပုံဖြင့် ကုတင်ပေါ်မှာ ထိုင်နေလေသည်

"ရေခဲမင်းသားရဲ့ ဇာတ်ကြောင်းကို ပြောင်းလဲမိလိုက်တယ်"Onde histórias criam vida. Descubra agora