ကျန်းချိုင်သည်မယုတ်မလွန်
အဖြေကိုပြန်ဖြေလိုက်သည်။
"တကယ်လို့နင်ငါ့ကိုမယုံဘူးဆိုလည်း
ထားလိုက်ပါ။
တကယ်လို့ငါပြောတာယုံမရင်လည်း
နင်ကိုယ်တိုင်အဲ့ကိစ္စကိုသွား
စစ်ဆေးလို့ရတာဘဲဟာ~"

ဟမ့်၊နင်အမှန်တရားကိုရှာတွေ့တဲ့အချိန်
လောက်ဆိုနင်အစောကြီးကတည်းက
သေသွားလောက်ပြီ။

ယွင်းယူသည်ထိုစကားကိုသံသယ
ဖြစ်နေသည်။သို့သော်လည်းသူအနေ
ဖြင့်ဘယ်သဲလွန်စကိုမှလက်မလွှတ်
လိုက်နိုင်ပေ။အေးစက်စွာနှာခေါင်းရှုံ
လိုက်ပြီးသုံးလွှာမှဆင်းသွားတော့သည်။

ပိုပြီးအသေးစိတ်ကျကျစုံစမ်းနိုင်
ရေးအတွက်အိမ်ပြုပြင်ရေးစင်တာ
ဆီသို့သွားမည်ဖြစ်သည်။

ယွင်းယူထွက်သွားသည်ကိုကြည့်
နေခဲ့သောကျန်းချိုင်သည်အနိုင်
ပိုင်းနိုင်သလိုမျိုးပြုံးနေခဲ့သည်။

နင်အနေနဲ့ဒီပြိုင်ပွဲမှာငါနဲ့ယှဉ်ပြိုင်
ဖို့အတွက်ငယ်လွန်းနေသေးပါတယ်
လောင်နင်း!

သူမ၏ဒါလင်ကိုသူ့ဆီကနေ
လုယူသွားခွင့်ဘယ်သူ့ကိုမှ
မပေးနိုင်ပေ!

ထပ်ခိုးထဲတွင်၊

ယောင်းယီသည်နှစ်ခြိုက်စွာ
အိပ်ပျော်နေခဲ့သည်။သူ့ကြည့်ရတာ
အိမ်မက်ကောင်းလေးမက်နေသလိုမျိုး
ချိုမြိန်စွာဖြင့်သူ၏နှုတ်ခမ်းထောင့်လေး
များသည်တွန့်ကွေးနေခဲ့သည်။

ဘရွန်း—

ဗီလာဝန်းကြီးထဲမှကားမောင်း
ထွက်သွားသည်ကိုကျန်းချိုင်
သည်ဒုတိယထပ်ရှိ
ပြတင်းပေါက်ကြီးမှတဆင့်
စိုက်ကြည့်နေခဲ့သည်။ထို့နောက်
နောက်ပြန်လှည့်ကာဗူးဒူးအရုပ်ကို
ယူ၍နှလုံးသားနေရာဆီသို့
နောက်ထပ်အပ်တစ်ချောင်းကို
ထပ်မံထိုးစိုက်လိုက်သည်။

သူမအနေဖြင့်မစောင့်ဆိုင်းနိုင်တော့ပေ။
ယခုမိမစစ်ဖမစစ်မြန်မြန်သေလေအေးလေ
ဖြစ်သည်။ထိုကောင်သည်သူမ၏ဒါလင်
လေးကိုတောင်ရအောင်လုယူချင်နေသေးသည်။
ထိုပြစ်မှုသည်အကြိမ်ထောင်ပေါင်းများစွာ
သေဖို့ထိုက်တန်သည်!

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now