B

5.7K 374 51
                                    

Unicode

Black Orchid <<1>>

သိပ်ခန့်ညားတဲ့ ပြယုဒ်
ခြေလှမ်းတစ်လှမ်းစီတိုင်းမှာ
လိပ်ပြာတစ်သန်းပျံသန်းနေသလို
ကျော့မော့နေတာမျိုး...

သိပ်သိပ်မိုက်သောခြေလှမ်းတွေနဲ့လှမ်းလာခဲ့သည်
နန်းတော်တမျှ ခန့်ညားတဲ့ရဲတိုက်သည်
သူ့အရှိန်အဝါကြောင့်အရောင်မှိန်သယောင်....

လက်ချောင်းသွယ်သွယ်လျလျတွေနဲ့
သပ်တင်လိုက်တာက
တစ်လတစ်ခါအရောင်ပြောင်းတတ်တဲ့
ကော်ဖီရောင်ဆိုးထားသောဆံကေသာတွေ,

ရွှေရောင်ဆိုးထားထက် ကော်ဖီရောင်သည်
ပိုပြီး ရွေရောင်ထွက်နေသလို...
လင်းထွက်နေတဲ့အရှိန်အဝါသည်
ရဲတိုက်သခင်၏ ကောင်းချီးတစ်ခုဖြစ်ပေလိမ့်မည်

သူတစ်ယောက်တည်းအတွက်
သီးသန့်ထုတ်လုပ်ထားတဲ့
အနက်ရောင်ပရိဘောဂထိုင်ခုံသည်
သူနဲ့လိုက်ဖက်ဖို့ အတင်းညှိယူထားရသည့်ပုံ

ချိတ်ထိုင်တတ်တဲ့ ခြေချောင်းတွေဟာ
သိပ်ကိုတင်စီးတဲ့ပုံပေါ်ပေမယ့်
ပိရိ​​သေသပ်တဲ့လှုပ်ရှားမှုများသည်
တခန့်တညား...

သိပ်လှတယ်လို့ပြောရင် အပြစ်ပေးခံရမည်။
နူးညံ့တယ်လို့ပြောရင် အပြစ်ပေးခံရမည်။
ချစ်စရာကောင်းတယ်လို့ပြောရင်
ပို၍ အပြစ်ပေးခံရမည် ။

အနောက်တိုင်းရောနေတဲ့မျက်လုံးပြာတွေအား
ကဗျာဆန်တယ်လို့ပြောရင်ရော
အပြစ်ပေးခံရမလား...

ဒီရဲတိုက်မှာသုံးနှုန်းတဲ့စကားတိုင်းဟာ
ဓားသွားတွေမို့ သိပ်ကိုသတိထားရသည်။

Coat အင်္ကျီကိုဝတ်ဆင်တတ်တဲ့သခင်ဟာ
အထဲမှာ အမြဲ Shirtless ဖြစ်တာကြောင့်
သူ့အပြင်အဆင်ဟာ တစ်ခါတစ်လေဆို
နားလည်နိုင်ပေမယ့် နေ့တိုင်းလိုလိုဆိုတော့
ကျစ်လစ်တဲ့ ကြွက်သားတွေအား
ကြည့်ရင်းနဲ့ အိမ်အကူတွေမှာ
နေ့တိုင်းသွေးတက်နေရတာမျိုး...

ဒါလည်းသခင်သည်ဂရုစိုက်ပုံမပေါ်
ဝိုင်ခွက်လှလှလေးကိုသာ
လှည့်ပြီးရင်လှည့်နေတတ်သည် ။

တစ်နိုင်ငံလုံးဝိုင်းစူးစိုက်ကြည့်မယ်ဆိုရင်တောင် သခင်ကရင်မခုန်တတ်ပါ
သွေးသည်ရေခဲထက်ပင်အေးသည်။

BLACK-ORCHID &lt;&lt;Minkookie&gt;&gt; COMPLETEDOnde histórias criam vida. Descubra agora