အပိုင်း - ၂၂ (U+Z)

Start from the beginning
                                    

"မင်းကပဲ လင်းကျစ်ရှအတွက် အပြည့်အဝ
တွေးပေးနေသလို မပြောပါနဲ့၊ မင်းရော
နည်းနည်းမှတစ်ကိုယ်ကောင်းမဆန်ဘူးပေါ့လေ?"

လော့ချင် သရော်ပြုံးပြုံးလိုက်သည်။

"သိပ်ကောင်းတယ်၊ မင်းက ငါ့ကို လင်းကျစ်ရှ
ရှေ့မှာ မပေါ်လာစေချင်တာ တကယ်တော့
မင်းအတွက် အခွင့်အရေးမရှိမှာစိုးလို့
မဟုတ်လား၊ ဆရာချင်းက သဘောထား
သေးသိမ်လွန်းတာပဲ"

ချင်းကျယ်က ခပ်တိုးတိုးရယ်သည်။ ‌မသိလျှင်
လော့ချင်၏စကားက ဟာသအလား။

"လော့ချင်၊ ရှောင်ရှက ခင်ဗျားကို သဘောကျနေသေးတယ်လို့ ထင်လား၊ ဒါမှမဟုတ် ရှောင်ရှက
ခင်ဗျားနဲ့ပြန်ပေါင်းချင်တဲ့အတွက် ရှောင်အိုက်နဲ့
တွေ့ခွင့်ပေးတာလို့ ခင်ဗျားထင်နေတာတော့
မဟုတ်ပါဘူးနော်?"

ပြန်လည်‌တွေ့ဆုံပြီးနောက် လော့ချင်ရှင်းရှင်းလင်းလင်းသဘောပေါက်သွားရသည်။
လင်းကျစ်ရှက လွန်ခဲ့သောလေးနှစ်ကလိုမျိုး
သူ့ကို မချစ်တော့ပေ။ ထိုနေ့ညက လင်းကျစ်ရှ၏
စကားအရ ရှင်းလင်းသိသာနေပြီးသား။

လော့ချင်က ထောင်လွှားသော်လည်း မိုက်မဲသူ
မဟုတ်။ သူ ချင်းကျယ်နှင့်ယှဉ်ပြိုင်နေရုံဖြစ်ပြီး နောက်ကောက်မကျချင်ပေ။

သို့သော်လည်း ချင်းကျယ်က ရှေ့တိုးသထက်
တိုးလာကာ လော့ချင်၏မျက်နှာဖုံးကို
အစိတ်စိတ်အမြွာမြွှာ ခွာချပစ်‌လေသည်။

လော့ချင်မျက်နှာက ချက်ချင်းမည်းမှောင်လာကာ
ချင်းကျယ်ကတော့ အတော်လေး ကျေနပ်သွားရ
၏။

နောက်ဆုံးတော့ ဒီလူ မမောက်မာနိုင်တော့ဘူး။

"ကျွန်တော် ခင်ဗျားကို ဒီနေရာမှာတွေ့တာ
နောက်ဆုံးအကြိမ်ဖြစ်ဖို့ မျှော်လင့်တယ်"

လော့ချင် ခံရခက်စွာ notebook ကို
ပိတ်လိုက်ပြီး ချင်းကျယ်သွားရာတစ်လျှောက်
ကြည့်မိသည်။ ချင်းကျယ်က စားသောက်ဆိုင်
လေးဆီသို့ တန်းတန်းမတ်မတ်လျှောက်သွားကာ
လင်းကျစ်ရှက ထိုသူ့ကိုမြင်ချိန်မှာ ပြုံးလိုက်
လေ၏။

ဘာတွေပြောနေမှန်း မသိရသော်လည်း
လင်းကျစ်ရှက အတော်လေး သက်တောင့်
သက်သာဖြစ်နေပုံရသည်။ လော့ချင်‌ရှေ့တွင်
မပြသဖူးသော လင်းကျစ်ရှ၏ပုံစံတစ်မျိုး။

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now