အမြန်ပြန်လာသောခြေလှမ်းတစ်ချို့ဟာ လမ်းတစ်ဝက်တွင် ရပ်တံ့သွားရသည်။ သူနှင့်မလှမ်းမကမ်းတွင် စကိတ်ဘုတ်တစ်ခုကို ထောင်ထားပြီး ဆေးလိပ်သောက်နေတဲ့ဟိုနေ့ကလူ

“ဟိုက် ဟိုလူကြီး ကြောက်ပါတယ်ဆိုနေမှ တည့်တည့်လာတိုးနေတယ် ငါဘယ်လိုသူရှေ့ကဖြတ်ရပါ့မလဲ စဉ်းစားစမ်းtomရေစဉ်းစားစမ်း”

စဉ်းစားရင်း ဇောချွေးတွေပြန်လာသော အကောင်ပေါက်ကလေးကို ဩရဿသဘောကျစွာ လှမ်းကြည့်နေမိသည်။ ထိုလူသားလေးက တကယ်ကို ငတုံးလေးဘဲ

တူပီကိုတိန်ညွှန်
သာသာပေါက်စ

___________________________________________

Zawgyi

ပြုံးစိစိနှင့် ဆက်ပိုင်ရှေ့ကို ပြန်လှည့်လိုက်ပြီး ကားအတွင်းမှာရှိတဲ့ ခလုတ်လေးတစ်ခုကို နိပ်လိုက်သည်နှင့် ကားနောက်မှာ ကပ်ပါလားတဲ့ ကားနှစ်ထဲက တစ်စင်းဟာ ရုတ်တရတ်ပြန်ကွေ့သွားသည်။ထိုကွေ့သွားတဲ့ ကားတစ်စီးဟာ ခုဏတုန်းက အမိန့်တစ်ခုကိုရလိုက်တာကြောင့်ပင် ဦးတည်ရာကတော့ ဦးဟိန်းခန့်ဆီသို့...

ဦးဟိန်းခန့် ကုမ္မဏီက ၃လစာရပြီးပြီးခြင်း   အဝတ်အစားတွေကို အမြန်ထည့်ပြီး ကားဂိတ်ကို အမြန်သွားရတော့သည်။ သို့သော် အိမ်ထဲကထွက်လိုက်ချိန်တွင် နှာခေါင်းထဲတွင် ချဉ်စူးစူးအနံတစ်ခုရလာပြီး စိတ်အာရုံအလုံးစုံ မှောင်ကျသွားလေသည်။ မေ့နေသောဦးဟိန်းခန့်ကို  ကားပေါ်တင်လိုက်ကာ Moonအိမ်တော်သို့ဦးတည်မောင်းလာခဲ့သည့် လူတစ်စု

ဗွမ်း!!!အေးလွန်းလှသည့်ရေခဲရေဖြင့်ပတ်လိုက်ခြင်း

“အဟွတ် အဟွတ်”....”

ရေပုံးနဲ့ပတ်သွားသူကတော့ ထွက်သွားသည်

“ငါဘယ်ရောက်နေတာတုန်း ငါကိုလွှတ်ပေး”

ဦးဟိန်ခန့်တစ်‌ယောက် အရုပ်ကြိုးပျက်လဲကျသွားသည်။ပါးစပ်ကမှလည်း
“Moon အိမ်တော်” ဟုရေရွတ်လိုက်သည်။

ဆက်ပိုင် ဦးဟိန်းခန့်ကို ရေခဲရေနဲ့ ပတ်နိုး လိုက်ပြီးဩရဿကိုခေါ်ရန် အပေါ်ထက်သို့ တက်လာလိုက်သည်။ ဒေါက်ဒေါက်ဒေါက်........”

 ခေါင်းစဉ်မရှိသော (Complete)Where stories live. Discover now