“ရားကြောက်စရာကောင်းလိုက်တာ ငါ့ကိုကြည့်နေတာများ ဝါးစားတော့မယ့် အတိုင်းဘဲဟူး
“စိတ်လေပါတယ် အိပ်တာဘဲကောင်းတယ် မနက်ဖြန်ကျောင်းတက်ရဦးမှာနဲ့ ရင်ဘတ်ထဲက‌ အကောင်ကလည်း အခုထိမငြိမ်းသေးပါ့လား”

သူကိုစကားပြောနေတဲ့ ကလေးရဲ့ လန့်နေတဲ့ပုံစံလေးကို သဘောကျသည်။ ပြီးတော့......ဩရှရှအသံပိစိလေး

“ဆက်ပိုင် ” 

“ဟုတ်Mr”

“ကလေးက ကပြားလား” 

“မဟုတ်ဘူး ဗမာလူမျိုးစစ်စစ်”

ဩရဿခေါင်းဆတ်ဆတ်ငြိမ့်ရင်း

“ဒါနဲ့နယ်စပ်ကိုယ်စားလှယ်ကိုသတိထားမူမမှန်ဘူး”

“လေ့လာထားလိုက်မယ်”

“ဒါဆိုလည်းနားလိုက်တော့”

ဆက်ပိုင်အခန်းထဲက ထွက်သွာတော့မှ ဩရဿ အိပ်ယာပေါ်ကို ဝင်အိပ်လိုက်ပြီး ညက tomပုံရိပ်လေးတွေမြင်ယောင်းရင်း

*မင်းလေးကို ပိုင်ဆိုင်ချင်တာ ကိုယ်အပြစ်မဟုတ်ဘူး ချစ်ဖို့တအားကောင်းနေတဲ့ မင်းလေးရဲ့အပြစ်ဘဲ”

Tom ကျောင်းသို့သွားရန် စောစောလေးသွားလိုက်သည်။ဒုတိယစာသင်ချိန် ကိုမသင်ရသေးဘဲ ဂျူနီယာ လူရည်ချွန်ကျောင်းသားတွေကို စီနီယာရည်ချွန်ကျောင်းသားတွေက စာပြပေးနေရသည်အရင်နှစ်က tomက အရင်နှစ်က ရည်ချွန်ကျောင်းသားလေ

“tomရေဒီအပုဒ်လေးကို ဟိုတစ်ယောက်ကိုရှင်းပြလိုက်စမ်းပါ”

“ဟုတ်ဆရာမ”

ဂျူနီယာကျောင်းသားတွေအတွက် စာလုပ်‌ကူလုပ်ပေးနေရသည်။ကျောင်းဆင်းတာနှင့် အိမ်ကိုတန်းမပြန်နိုင်ဘဲ အချိန်ပိုင်းdeliveryပို့ပြီးမှ အချိန်ပိုင်းကော်ဖီဆိုင်ကို အပြေးလေးလာခဲ့သည် အချိန်ပိုင်းကော်ဖီဆိုင်မှ ပြန်လာချိန်တွင် ည၁၀နာရီတောင်ကျော်နေပြီ။

“ဟူးးးးးးမောလိုက်တာ မနက်ဖြန်လစာထုတ်ရက်တောင်ရောက်ပြီ”

စတိုးဆိုင်လေးတစ်ဆိုင်သို့ ဝင်လိုက်ပြီးလိုအပ်တာတွေ ဝယ်ရင်းထီးတစ်ချောင်းပါ အစားပြန်ဝယ်ခဲ့လိုက်သည်။ လက်ကနာရီကြည့်‌လိုက်တော့ နောက်ကျနေပြီဖြစ်တဲ့ အတွက်ခြေလှမ်းကျဲကျဲလှမ်းကာ အိမ်ကိုအမြန်ပြန်လာခဲ့လိုက်သည်။

 ခေါင်းစဉ်မရှိသော (Complete)Where stories live. Discover now