“ကစားရတာပျော်စရာမကောင်းဘူးကွာ တော်ပြီးဆက်ပိုင်မင်းဘဲရှင်းလိုက်တော့”

လက်မှာပေကျန်နေတဲ့ သွေး‌‌တွေကိုသုတ်ရင်း မြေအောက်ခန်းကနေ ထွက်လာလိုက်သည်။အထွက်မှာ သေနတ်သံနှင့်အတူ ဆက်ပိုင်ရဲ့စကားသံကိုခပ်သဲ့သဲ့

“နောက်ဘဝအတွက်ဆုတောင်းထား”

*************
Tomည၉နာရီကျမှ အချိန်ပိုင်းကော်ဖီဆိုင်မှပြန်လာလိုက်သည်။

“ဟူးပင်ပန်းလိုက်တာဆိုသည်မှာ”

ဘုတ်“အ” အကွေ့တွင် စကိတ်စီးလာသော လူတစ်ယောက်နှင့်Tomဝင်တိုက်မိခြင်းပင်။

“တောင်ပန်ပါတယ်ဗျ  ကျွန်တော်မြင်လိုက်လို့ပါ”

Tomကနေပြီးစတောင်ပန်လိုက်တယ်။
“ကလေးကိုယ်ကိုမှတ်မိလား”။

“ ဟိုတစ်ခေါက် မိုးရေထဲက တစ်ယောက်လေ”

“ မှတ်မိပြီ ဒဏ်ရာကြီးနဲ့လူကြီး ”

“ဟုတ်တယ်”

“သက်သာသွားပါ့မလားလို့ စိုးရိမ်နေတာ”

“ကိုယ့်နမည်က ဩရဿပါ”

“tomပါ နောက်လမ်းမှာ တွေ့ရင်နူတ်ဆက်ပါ”

“ကောင်းသောညလေး ဖြစ်ပါစေကောင်လေး”

“ကောင်းသောညပါ”

လက်ဆွဲနူတ်ဆက်‌လိုက်သည်သို့သော်...

*သူလက်က နူညံသည် မဆို‌သောလက်လေး ထိုလက်လေးကို လွှတ်တောင်မပေးချင်တော့ဘူး။ တစ်ခါတည်း သူအနားခေါ်ထားလိုက်ချင်ပြီ*

ဩရဿ အတွေးကမ္ဘာထဲမှ အသံပိစိလေးတစ်ခုကြောင့် တွေးလက်စအတွေး ကြက်ပျောက် ငှက်ပျောက်ပျောက်ကုန်သည်။ သူtomလေးရဲ့ လက်ကို လွှတ်မပေးသေးဘဲ ခပ်တင်းတင်းဆုတ်ထား မိခြင်းဖြစ်သည်

“ဟို ကျွန်‌တော်လက်နာနေပြီ”

“ကိုယ်အတွေးလွန်သွားလို့”

“ဒါဆိုကျွန်‌တော်ကို သွားခွင့်ပြုပါဦး”

ထွက်ခွာသွားတဲ့ tomရဲ့ကျောပြင်ငယ်လေးကို ငေးကြည့်ရင်း

“ကောင်လေး မင်းတစ်နေ့ ငါ့အပိုင်ဖြစ်လာရမယ်”

Tomအိမ်အမြန်ရောက်အောင်ပြန်လာခဲ့သည်။အိမ်ပြန်ရောက်ရောက်ချင်း ရေခဲသေတ္တာထဲမှ ရေတစ်ဘူး ယူသောက်လိုက်သည်။

 ခေါင်းစဉ်မရှိသော (Complete)Where stories live. Discover now