အပိုင်း ၁၈ [ Adult ]

Start from the beginning
                                    

" ကျွန်တော့်အိမ်ကို မဟုတ်ဘဲ ဋ္ဌာနချုပ်ကို တန်းမောင်းပေးပါနော် "

" ဟုတ်ကဲ့ပါ သခင်လေး "

ဒီတစ်ခါတော့ သူ နဲ့ Chan ရဲ့အကြားမှာ စည်းတစ်ခု မတားထားတော့ဘူး ။ Baekhyun သူ့ရဲ့ စိတ်ဝိဥာဥ် အထိ အရာအားလုံးကို Chan လက်ထဲ အပိုင်ထည့်ပေးဖို့ တွေးထားတယ် ။

ပြန်လာတဲ့အခါမှ...

အဲ့ခါမှ ကျွန်တော် Chan ရဲ့ ချစ်သူအစစ်ဖြစ်ပေးပါ့မယ် ။

တွဲနေတဲ့ ဆက်ဆံရေးလောက် မဟုတ်ဘဲ... စစ်မှန်တဲ့ ပတ်သတ်မှုမျိုး Chan အတွက် ကျွန်တော်ပေးပါ့မယ် ။

အဲ့ဒါမို့ အန္တရာယ်ကင်းကင်းလေးနဲ့ မြန်မြန်လေးသာ အရောက်လာခဲ့ပေးပါ ခင်များရယ် ။

___________________________________

ဋ္ဌာနချုပ်ကို ရောက်တော့ ပထမစံအိမ်တော်ရဲ့ ခမ်းနား တောက်ပြောင်လွန်းတဲ့ အပြင်အဆင်တွေက Baekhyun အတွက် နည်းနည်း သက်တောင့် သက်သာမရှိသလို ခံစားရတယ် ။ အဲ့ဒါမို့ Baekhyun နေဖို့ ရွေးချယ်မိတာက နောက်ဘက် ရိုးရာအိမ်တော်ထဲမှာပဲ ။

သူနဲ့ Chan ပထမဆုံးအကြိမ်အဖြစ် ကိုယ်လက်နှီးနှောဖူးတဲ့ အခန်းကျယ်ကြီးထဲမှာ သူတစ်ယောက်တည်း luggage ထဲမှာပါလာတဲ့ ပစ္စည်းလေးတွေကို ထုတ်ရင်း သက်ပြင်း အခါခါချနေမိတယ် ။

သူ Chan ကို မပြောဘဲ ဒီလိုတွေလုပ်နေတာက အဆင်ပြေပါ့မလား မသိပေမယ့် ယုံလည်း ယုံကြည်ထားချင်တယ် ။ သူ့ကို အရမ်းချစ်မြတ်နိုးပေးပြီး ဘာလုပ်လုပ် အပြစ်မမြင်မယ့် သူ့ချစ်သူရဲ့ ဂရုစိုက်မှုတွေကိုပေါ့ ။

နောက်ဆုံးတော့ Baekhyun ရက်အနည်းငယ်ကို အဲ့ဒီ စံအိမ်ကြီးထဲမှာပဲဖြတ်သန်းပြီး သူ့ချစ်သူပြန်အလာကို စောင့်နေခဲ့ရတယ် ။ 85 ဧကကျယ်ဝန်းတဲ့ ခြံကြီးထဲမှာ သူသွားလာနေစရာ နေရာတွေက များတယ် ။ အများအားဖြင့် Baekhyun ကတော့ သူ့ကျောင်းစာအုပ်တွေကို ယူပြီး နေရာအစုံမှာ စာလုပ်နေလေ့ရှိတယ် ။

တစ်ခါတလေ စံအိမ်အရှေ့ဘက် မြက်ခင်းနားမှာ စားပွဲခုံတစ်လုံးနဲ့ ၊ တစ်ခါတလေတော့ ဂေါက်ကွင်းနားက မှန်လုံအိမ်မှာ ၊ တစ်ခါတလေကျ အိမ်ထဲမှာပဲ ။ ပျော်စရာမရှိတဲ့ နေ့ရက်တွေကို သူ စာထဲအာရုံစိုက်ပစ်ဖို့ပဲ အသုံးချခဲ့တယ် ။

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Where stories live. Discover now