" ပြေးချင်တာလား .. ကောင်းပြီ.. ပြေးးပြေးး " နူးညံ့စွာပြောလာသည့် လေသံက အန်းနက်တို့၏ အမှုအရာကို ကြည့်ရဆိုးသွားစေခဲ့သည် ။ ဒီလူက သူ့တို့အား ကစားနေခြင်းပင် ။
ခနအကြာ အနက်ရောင်ခြုံထည်နဲ့လူက သွေးစွန်းနေသည့် သူ့လက်ကိုအသာကြည့်လိုက်ကာ ပြေးလွှားနေသည့် အန်းနက်တို့အားကြည့်လိုက်သည် ။ တော်တော်များများသည် ဒဏ်ရာရထားခဲ့ပြီး သေစေနိုင်လောက်သည့် ဒဏ်ရာမဟုတ်သော်လည်း အချိန်ကြာပါက တဖြည်းဖြည်း သေဆုံးသွားနိုင်လေသည် ။
" ဟူးးး ပျင်းစရာကောင်းတယ် .. လူသားတွေက အသုံးမကျလိုက်တာ .." အကြည့်သည် ချက်ချင်းမာထန်သွားကာ အန်းနက်တို့ထံပြေးဝင်သွားတော့သည် ။ နူတ်ခမ်းထက်တွင် လှောင်ပြုံးတစ်ခုပေါ်လာခဲ့သည် ။ သူက ထိုသူများအား အဆုံးသတ်ပေးရန်ကြံနေခြင်းပင် ။ " ဒါပြီးရင် မင်း‌တို့ခေါင်းဆောင်ကို သွားရှာရမယ်.. လူသားမျိုးနွယ်ရဲ့ ကျွမ်းကျင်သူကြီးလား နောက်ဆုံးကျ ငါ့အရုပ်လေး ဖြစ်မှာဘဲ .. ဟီးးဟီးး "
ထိုသူ၏ လက်များက အန်းနက်အား ထိတော့မည့်အချိန်တွင် အနက်ရောင်ဝတ်လူ၏ ရယ်သံက ရုတ်ခြည်းရပ်တန့်သွားခဲ့သည် ။ တစ်ချိန်တည်းမှာပင် အားပြင်းပြင်းအရိုက်ခံလိုက်ရကာ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည် ။
" ဒီသခင်ကို ရှာနေတာလား !!! " အေးစက်စက်လေသံတစ်ခုသာ လမ်းကြားထဲပျံ့နှံလာသည်။ အနက်ရောင်ဝတ်လူက ရောက်လာသည့် သူကို ကြည့်လိုက်ကာ အကြည့်သည် အရောင်ပြောင်းသွားခဲ့သည် ။ " ရိုမန်!! ဟမ့်.. လာအသေခံတာလား "
ရိုမန်က အန်းနက်အား ထွက်သွားရန်အချက်ပြလိုက်သည် ။ သူက စကားအပိုမပြောခဲ့ဘဲ ခါးပတ်တွင် ထိုးထားသည့် သေနတ်ကို ဆွဲထုတ်လိုက်ကာ ပစ်ခတ်တိုက်ခိုက်တော့သည် ။ ရိုမန်အား ခပ်လွယ်လွယ်ဖြေရှင်းနိုင်မည်ဟု ယူဆထားသည့် အနက်ရောင်ဝတ်စုံနဲ့ လူက ခပ်စိတ်စိတ် ပစ်ချက်များကြောင့် အသက်ရှုချိန်ပင် မရတော့ချေ ။
တိုက်ခိုက်မှုအချိန်ကြာလာလေ ထိုလူက ပိုလိုထိတ်လန့်လာလေပင် ။ သူတိုက်ခိုက်မည့်နေရာကို သိနေသည့်အလား ကျည်ဆန်များက တရစပ်ဝင်လာသဖြင့် သူက ဆက်တိုက်နောက်ဆုတ်နေရသည်။ တစ်ချက်တစ်ချက်ထိသွားသည့် ဒဏ်ရာများသည် ပြန်ကုစားနိုင်ခြင်းမရှိခဲ့သဖြင့် ထိတ်လန့်သည့်အမှုအရာပေါ်လာခဲ့သည် ။ သူက ရိုမန်အားကြည့်ရင်း မျက်လုံးများနီရဲလာခဲ့ကာ သွေးဆာသည့် အခြေအနေသို့ ဝင်ရောက်သွားခဲ့သည် ။ အရှိန်ကလဲ ပိုမြန်လာခဲ့ကာ အရိပ်ကိုပင် မြင်နိုင်ရန် ခက်ခဲလာခဲ့သည်။ " ငါ့ကို ဒီအခြေအနေထိ ဖိအားပေးနိုင်တဲ့အတွက် မင်းကို မသေမရှင် ဖြစ်အောင်လုပ်ပေးပါမယ် ..."