"ခက်ခဲတဲ့ ပုစ္ဆာ"

Start from the beginning
                                    

မွေးနေ့ပွဲကပျော်"ရွှင်"ကုန်ဆုံးသွားလေသည် သူမလည်းထင်ထားတာထက် နည်း"ပိုနေပြီး ညမှဆေးရုံသို့ ပြန်လာခဲ့လေသည်

သူမကဆေးရုံပြန်လာပြီး အကျီလဲပြီးနောက် ဆေးရုံကောင်တာသို့ လာခဲ့လေသည် ချယ်ယွန်းနဲ့ယူဂျွန်းစီနီယာတို့ ရယ်မောပြီးစကားပြောနေသည်ကို မြင်လိုက်ရလေသည်

စီနီယာက သူမကိုမြင်မြင်ချင်း ရောက်လာကာ "ယူအာ နေကောင်းသွားပြီလား ဘယ်ထိသွားသေးလဲ?"

"အဆင်ပြေပါတယ် စီနီယာ "သူမက အခွင့်အရေးတောင် မရလိုက် ချယ်ယွန်းကရောက်လာလေသည်
"ယူအာ နေမကောင်းဖူးကြားတယ် ခဏခဏလည်းမေ့လဲတယ်ဆို သွေးအားနည်းတာလား?"

'ချီးမို့ ငါကသွေးအားနည်းရမှာလား ဒါကဟိုစောက်ကျိုးနည်းကာတွန်း' သူမက သူမဒေါသကိုထိန်းလိုက်ရင်း
"ဟုတ်ကဲ့ ဂရုစိုက်လိုက်ပါမယ် အခုလို ဂရုစိုက်ပေးလို့လည်း ကျေးဇူးတင်ပါတယ်" ဆိုပြီး ထွက်လာလေသည်

လမ်း၌ ဂျီဝူဖြတ်လာသည်နဲ့ တွေ့လေသည် သူကသူမအား လှမ်းခေါ်ရန် ပြင်သော်လည်း သူမကသုန်မှုန်နေသောမျက်နှာဖြင့် ဆောင့်အောင့်ထွက်သွားလေသည်
'ဘာတွေအလိုမကျဖြစ်နေတာလဲ?'

ယူအာက အားလပ်ရက်ချိန်၌ တစုံတယောက်အား ဖုန်းခေါ်နေသည် ထိုလူအားအခြားလူမဟုတ် shadow ကာတွန်းရေးဆရာ ဂျယ်ဆောင်း သူမတို့က အထက်တန်းကတည်းက ခင်ခဲ့ကြပြီး သူမအကြောင်း သူမချွဲယူဂျွန်းကို ကြိုက်တာပါအပါအဝင်ပေါ့

"ဘာ နင်ငါကိုဘာတွေလာပြောနေတာလဲ?" တဖက်မှ ခေါက်ဆွဲနင်ပြီး ပြောသည့်အသံ

"ငါက webtoonထဲဝင်သွားတယ်လို့ အ့webtoonစာရေးဆရာကို သိချင်တာလို့" ယူအာက အော်လေတော့သည်

"ဘာ နင်က wtထဲဝင်တာ ဟားဟားဟား ငါများလာနောက်နေသလား နင်စာကျက်ရတာများလို့ ဘရိန်းများကြောင်သွားတာလား အ့တာကြောင့် ငါနင်ကိုစာတွေချည်းနင်ကန်မလုပ်နဲ့လို့ပြောပါတယ် ငါကိုကြည့်..."

သူရှည်တရားတွေချပါတော့သည် "မဟုတ်ဖူးလေ ငါကပြောချင်တာက wbထဲဝင်သွားတာ 3ခါလောက်ရှိပြီ"

"တော်တော့ တော်တော့ နင်အရူးစကားတွေနားမထောင်နိုင်ဖူး ချတော့မယ် ငါသူများဟာပြီးအောင်ရေးပေးရဦးမှာ"

"ရေခဲမင်းသားရဲ့ ဇာတ်ကြောင်းကို ပြောင်းလဲမိလိုက်တယ်"Where stories live. Discover now