ထိုချမ်းသာသည့်အမျိုးသမီး၏အသံ
ကိုကြားရသည့်အခါ၊ယောင်းယီသည်
မနေနိုင်စွာဘဲသူလုပ်ဆောင်နေသည့်
အရာကိုရပ်ကာနားထောင်ရန်နားကို
စွင့်လိုက်တော့သည်။

"ငါမင်းနဲ့အငြင်းမပွားချင်ဘူး။မင်းမှာ
လုပ်ဆောင်ဖို့အတွက်အချိန်နှစ်ရက်
ကျန်သေးတယ်။ကျေးဇူးပြုပြီး
မင်းရဲ့သက်ဆိုင်ရာပစ္စည်းတွေကို
တတ်နိုင်သမျှအမြန်ဆုံးထုပ်ပိုးပေးပါ
မဟုတ်ရင်ငါမင်းပစ္စည်းအကုန်လုံးကို
လွှတ်ပစ်ရလိမ့်မယ်"

ထို့နောက်အေးစက်စက်အမျိုးသား
အသံသည်ချက်ချင်းကိုထွက်ပေါ်
လာခဲ့သည်။ရွံရှာစက်ဆုပ်မှုနှင့်
စာနာစိတ်ကင်းမဲ့နေသည့်
ခံစားချက်များပါဝင်သောအသံသည်
ထိုလူသည်လူတိုင်းလိုလိုကို
သူ့ထက်နိမ့်ကျသည့်သတ္တဝါများ
ဖြစ်သည်ဟုစဉ်းစားမည့်လူစားမျိုး
ဖြစ်သည့်ခံစားချက်မျိုး
ပေးစွမ်းနေသည်။

ထိုလူသည်ယခုစံအိမ်ပိုင်ရှင်ကြီး
ဖြစ်သည်။

ထိုအသံကိုမှတ်မိသွားသည့်ယောင်းယီ
သည်တစ်ခဏတာတုန့်ဆိုင်းသွားပြီး
သူ၏ကိုယ်ပိုင်မှတ်ဉာဏ်များကိုပင်
သံသယဝင်လာတော့သည်။

သူ၏ထင်မြင်ချက်အရကော်ဖီဆိုင်
ကိုလာနေကြထို customer သည်
အလွန်အလွန်ကြင်နာတတ်သည့်
လူစားဖြစ်သည်။

သူအဖျော်ဆရာလုပ်တုန်းက
ဆိုရင်လည်းထိုလူသည်သူ့
အပေါ်အမြဲလိုလိုထောက်ထား
ညှာတာလေ့ရှိသည့်အပြင်
ပြုမူသောအပြုအမူများသည်
လည်းသေချာပေါက်ကို
လူကြီးလူကောင်းများသာ
ပြုမူသည့်အမူအရာများဖြစ်သည်။

ယခုလိုမမျှော်လင့်စွာဘဲအိန္ဒြေ
သိက္ခာနှင့်ပြီးပြည့်စုံကာအတွေး
အခေါ်မြင့်မားသောထို customer
၏မတူညီသည့်အခြမ်းကိုမြင်တွေ့
လိုက်ရသည့်အခါတစ်ချိန်တည်း
မှာဘဲသူ၏ဂုဏ်သိက္ခာနှင့်
ပတ်သတ်၍အရှက်ရမိသလို
မတိုင်းမတာနိုင်လောက်သည့်
အထိမနာလိုလည်းဖြစ်လာ
မိသည်။

အဆုံးမှာတော့သူ့ဆီတွင်သာမန်
ကောလိပ်ကျောင်းမှရိုးရိုးဘွဲ့လေး
တစ်ခုသာရှိပြီးနေ့စဉ်အသက်ရှင်
ရပ်တည်နေထိုင်ရေးအတွက်
ရိုးစင်းသောကိုယ်ကာယလုပ်အား
ကိုအသုံးပြုရသည့်အလုပ်အချို့တွင်
ဝင်ရောက်လုပ်ကိုင်နေရသည့်လူ
ဖြစ်သည်။အရိုးရှင်းဆုံးပြောရမည်
ဆိုပါကသူသည်အလုပ်ရှိရုံမှလွဲလျှင်
အခြားသောလမ်းဘေးကောင်လေးများ
နှင့်ဘာမှမကွာခြားပေ။သူသည်ယခုလို
ကျက်သရေသိက္ခာနှင့်ပြီးပြည့်စုံသည့်
အပြုအမူများဖြင့်နေထိုင်ကြီးပျင်းခဲ့
ရသည့်လူချမ်းသာများနှင့်လည်းတစ်ခါမှ
ထိတွေ့မဆက်ဆံခဲ့ဖူးပေ။

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now