🍏

4.6K 147 8
                                    

[ Unicode ]

ခါးတစ်ဝိုက်မှ ခပ်နွေးနွေးအထိအတွေ့ကြောင့် အိပ်စက်ခြင်းဆီမှ သူမ၏စိတ်အစဉ် နိုးထလာခဲ့သည်။ ခါးထက်မှ လက်ဖွေးဖွေးကို ငုံ့ကြည့်ရင်း သူမ လူးလွန့်တော့ ဂုတ်ပိုးနားသို့ ဝင်သက်ထွက်သက် လေငွေ့နွေးနွေးက လာရောက်ရိုက်ခတ်သည်။

"နိုးပြီလား သဲ"

တိုးရှရှလေသံက ချိုအီစွာ နားထဲစီးဆင်းသွားသည်။ ကိုယ်တစ်ခြမ်းကို ဘယ်ဘက်စောင်းအိပ်နေရာမှ ညာဘက်သို့ လှည့်အိပ်လိုက်သည်နှင့် နောက်ကျောဘက်ဆီမှ သကြားလုံးရနံ့သင်းသင်းက သူမနှင့် မျက်နှာချင်းဆိုင် ဖြစ်သွားသည်။

"သူပဲ လာနှိုးပြီးတော့"

အိပ်ချင်မူးတူး အစ်တစ်တစ်အသံဖြင့်ဖြေရင်း ရင်ဘတ်ထဲ ခေါင်းတိုးဝင်တော့ ရယ်သံလွင်လွင်လေးနှင့် အတူ တင်းကြပ်စွာ ပွေ့ဖက်လာမှု။ ခပ်သင်းသင်း မွှေးနေသည့် ကိုယ်သင်းရနံ့က သူမ အတွက်တော့ သဘာဝရေမွှေးတစ်ခုသာ။

"ဖေဖေ ဖုန်းဆက်ခေါ်နေလို့"

အိပ်ချင်မူးတူးဖြစ်နေသည်များ လွင့်ပျယ်သွားပြီး ရင်ခွင်ထဲ တိုးဝှေ့နေရာမှ သူမ  ဆတ်ခနဲ ခေါင်းထောင်ကြည့်လိုက်မိသည်။

"ဆူနေပြီလား"

"မဆူတော့ မဆူပါဘူး ၊ ဒါပေမဲ့ အိမ်ကိုတော့ ပြန်မှဖြစ်မယ်။ နို့မို့ဆို ထပ်ထွက်လို့ရတော့မှာ မဟုတ်ဘူး"

ခွဲရတော့မယ်ဆိုတဲ့အသိကြောင့် ပိုမိုတင်းကျပ်စွာ ဖက်တွယ်ရင်း ရင်ခွင်ထဲခေါင်းပြန်ဝှက်ထားလိုက်မိသည်။ ချစ်ရသူက သူမ ဦးခေါင်းပေါ် မေးတင်ထားရင်း  ကျောဘက်ရှိ မွေ့ယာဖြူဖြူပေါ်၌ ပြန့်ကျဲနေသည့် ဆံနွယ်ရှည်များကို ပွတ်သပ်ပေးနေသည်။

ဒီရင်ငွေ့နွေးနွေးကို သူမ သိမ်းဆည်းထားချင်သည်။ ဘယ်သူမှ မနှောက့်ယှက်နိုင်တဲ့ နေရာတစ်ခုမှာ ချစ်ရသူနဲ့အတူ ဒီလိုလေးပဲ အမြဲအေးချမ်းစွာ လှဲလျောင်းနေချင်သည်။ တစ်နေ့နေ့တော့ ဒီစိတ်ကူးတွေကို လက်တွေ့အကောင်အထည် ဖော်ရမည်။

ယခုတော့ ခွဲခွါရုံကလွဲပြီး....။

————————

• ပန်းသီး • Onde histórias criam vida. Descubra agora