ရီဗဲလ်က သူဝတ်ထားသည့် အဖြူရောင်ပိုးသားညအိပ်ဝတ်စုံအား ရိုမန်ပြန်ယူမည် စိုးရိမ်သည့်အမှုအရာဖြင့် " ကျွန်တော်.. ဒါဘဲကြိုက်တာ.. ဒါဘဲဝတ်မှာ .. " ဤအဝတ်သည် ငယ်ငယ်ကရိုမန်ဝတ်နေကျ ညအိပ်ဝတ်စုံဖြစ်လေသည် ။ ရီဗဲလ်အတွက် တစ်ခန်းလုံးတွင် ဤဝတ်စုံက ရိုမန်၏ အငွေ့အသက် အများဆုံးရသည့် အဝတ်ဖြစ်လေသည် ။
အစေခံနဲ့ ပြန်လည်ဖြေကြားမှုကြောင့် ရိုမန်က ခပ်ဖွဖွပြုံးမိလိုက်လေသည်။ သူက အစေခံများအား ထွက်သွားခိုင်းလိုက်ကာ သူ့အား သတိတကြီးကြည့်ကာ ဝတ်စုံကို ကာကွယ်နေသည့် ရီဗဲလ်အား မျက်မှန်အသာပင့်ကာ စနှောက်လိုက်သည်။ " ကိုယ်နဲ့ စာကြည့်ခန်းကို မလိုက်တော့ဘူးပေါ့ " လောကကြီးအကြောင်း စူးစမ်းချင်သည့် ကောင်လေးက ခုနက အဖြစ်အပျက်ကို ပစ်ချထားခဲ့ကာ ရိုမန်၏ လက်အားဆွဲကိုင်လာသည် ။ " ဟီးးဟီးး လိုက်မယ်.. လိုက်မယ်.. သွားစို့ "
" ဒီဘက်လေ... " ဆန့်ကျင်ဘက်အရပ်သို့ ဆွဲခေါ်နေသည့် ကောင်လေးကြောင့် ရိုမန်က ခေါင်းခါကာ ရယ်မောလိုက်သည်။
ဒုတ်!!!
ရှက်ရမ်းရမ်းပြီး ချက်ချင်းပြန်လှည့်လာသဖြင့် နေရာတွင်ရပ်နေသည့် ရိုမန်အား ဝင်တိုက်လိုက်ပြန်သည် ။ ရိုမန်က မျက်နှာတစ်ခုလုံး ခရမ်းချဉ်သီးလို နီရဲနေပြီးဖြစ်သည့် ရီဗဲလ်၏ ပါးပြင်အား ဖြတ်ခနဲ နမ်းလိုက်သည် ။ သူက ဆက်လက်မစနောက်တော့ဘဲ အသာပွေ့ချီလိုက်ပြီး ခေါ်သွားလိုက်တော့သည်။
ခပ်လှမ်းလှမ်းတွင် ထိုမြင်ကွင်းကို ကြည့်လျက် အစေခံများက ပြုံးလိုက်ကြသည် ။ သူတို့သည် ရိုမန်၏ အဘိုးလက်ထပ်ကတည်းက ရှိနေခဲ့သဖြင့် သံယောဇဉ်တွယ်တာကာ သစ္စာရှိကြသည် ။ ရိုမန်၏ အေးစက်စက်မျက်နှာဘေးအား အဓိပ္ပာယ်ဖတ်တတ်သူမှာလည်း သူတို့သာ ဖြစ်လေသည် ။ ရိုမန်သည် ထုတ်မပြောသော်လည်း အရင်က ရိုးလ်ကြောင့် တော်တော်ခံစားခဲ့ရသည်ကို သိနေကြသည် ။ တဖက်တွင် ရိုးလ်၏ အလိုက်မသိ အေးစက်စက် ဆက်ဆံမှုကြောင့် ပိုလို့ မကျေမနပ်ဖြစ်နေကြသည် ။ တချိန်တည်းမှာပင် ရိုမန်အား ရယ်မောအောင်လုပ်နိုင်သည့် ရီဗဲလ်အား ပိုလို့ ချစ်သွားကာ အကောင်းမြင်ကြလေသည် ။