Episode 4, Jane's Kisses

706 110 12
                                    


UNICODE
.

_Jane Ruby Kim_

2011 September 5. (8 years ago)

ဒီနေ့ကျွန်မ Jisooကြောင့် ငိုရတယ်။
မဟုတ်ဘူး ကျွန်မ အမှားပါ။ ကျွန်မဘာလို့ သူငယ်ချင်းကို သူငယ်ချင်းထက်ပိုတဲ့ ခံစားချက်တွေပေးနေမိခဲ့တာလဲ။ တလျှောက်လုံး ကိုယ့်ကိုကိုယ်ညာခဲ့ပါတယ်။ Jisooမှာ ချစ်သူရှိတယ်။ Jim Horranကို သူတကယ်တွဲခဲ့ပါတယ်။ အခုဆို တစ်နှစ်နဲ့ ၅လရှိနေပြီပေါ့။

သူရည်းစားရပြီးမကြာဘူး ကျွန်မလည်း Joseph Kangကို အဖြေပေးပြီးတွဲပစ်လိုက်တယ်။ ဒါပေမဲ့ ကိုယ်တကယ်မချစ်တဲ့လူကို တွဲရတာ ဘာမှကိုပျော်စရာမရှိခဲ့ပါဘူး။ တစ်ဖက်လူကပေးလာတဲ့ အချစ်တွေ ဂရုစိုက်မှုတွေကို အားနာနာနဲ့တုန့်ပြန်နေရတာပဲ အဖက်တင်တယ်။

ဒီကာလထဲ ပိုပိုသေချာလာတာက ကျွန်မရဲ့စိတ်တွေဟာ Jisooအပေါ် သူငယ်ချင်းလို သဝန်တိုနေတာမဟုတ်ဘူးဆိုတာပါပဲ။ ကျွန်မ Josephကို လမ်းခွဲလိုက်တာလည်း သူ့ကြောင့်ပဲ။

ကျွန်မတို့အခြေအနေတွေ စပြီးရှုပ်ထွေးသွားတာဟာ သူ့ကို ခိုးနမ်းခဲ့တဲ့ ကျွန်မကြောင့်ပါပဲ...

ပထမဆုံး အနမ်းဟာ ပြီးခဲ့တဲ့ ၄လ၊ Juneလတုန်းကပေါ့။ သူငယ်ချင်း Oliviaရဲ့ မွေးနေ့ကအပြန် သူတော်တော်မူးနေတယ်။ ကျွန်မလည်းမူးနေပေမဲ့ သူ့လောက်တော့ မယိုင်သေးဘူး။ ဒီတော့ သူ့ကို အဆောင်ခန်းထဲထိ တွဲခေါ်လာခဲ့ပါတယ်။

သူ့ကိုအိပ်ရာပေါ်ချပေးလိုက်ပြီး‌တဲ့နောက်...

______

ကျွန်မသူ့မျက်နှာလေးကို အနီးကပ်ငေးနေမိတာ ဘယ်လောက်တောင်ကြာသွားလဲမသိ။ ကျွန်မအသိစိတ်ပြန်ကပ်ချိန်မှာ ကျွန်မသူ့နှုတ်ခမ်းတွေကို နမ်းမိနေပြီ။

ကမန်းကတန်း နောက်ပြန်ဆုတ်လိုက်ပြီး သူအိပ်နေရဲ့လား နိုးသွားပြီလားလို့ စိုးရိမ်တကြီး အကဲခတ်ကြည့်ခဲ့တယ်။ ဘုရားမ လို့ သူအမူးလွန်ပြီးအိပ်နေပြီလို့ သိလိုက်ရတယ်။

ဒီလိုနဲ့ နောက်နေ့မနက်စာစားချိန်ပေါ့...

"Jisooညက နင်အရမ်းမှောက်သွားတာပဲ"

When We Fall...   [U+Z]Where stories live. Discover now