Episode 5, Jane's Twin's

563 107 18
                                    

UNICODE
.

2012 March. (7 years ago)
_Jisoo Kim_

"Janeမေမေက အဲ့လောက်တောင် စိတ်နာသွားတာလား"

"ဟုတ်တယ်Chuuရဲ့၊ ငါ ၁၂နှစ်ကတည်းက အဖေနဲ့ကွာလိုက်ပြီး ကိုရီးယားကိုအပြီးထွက်သွားတော့တာ။ ငါ့ကိုတော့ ဖုန်းဆက်တာတို့၊ face timeခေါ်တာတို့လုပ်တယ်။ ပိတ်ရက်တွေဆို ငါက ဒေါ်လေးRinရဲ့အတူ အမေ့ဆီသွားလည်တယ်။ တစ်နှစ်ကို ၄ခါလောက်အနည်းဆုံးရောက်ပါတယ်။ တစ်ခါသွားရင် အနည်းဆုံး ၁၀ရက်လောက်နေတာပဲ။ သူတို့ကွာရှင်းတော့ တရားရုံးဆုံးဖြတ်ချက်အရ ကလေးနှစ်ယောက်ကို တစ်ယောက်ဆီတာဝန်ယူစောင့်ရှောက်ဖို့ ဖြစ်သွားတာလေ။ ငါကအဖေနဲ့ကျန်ခဲ့ပြီး ငါ့အမွှာက အမေနဲ့ပါသွားရော၊ Jennieကလည်း အဖေနဲ့ လာတွေ့တာမျိုး ဆက်သွယ်တာမျိုးလုပ်ပါတယ်။ အမေနဲ့အဖေကြောင့် ငါတို့မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဗျာများရတာပေါ့ဟာ။ ဒါပေမဲ့ တွေ့‌ခွင့်ဆက်သွယ်ခွင့်ရှိတော့ တအားမဆိုးဘူးပြောရမယ်။ သူတို့ပြန်ပေါင်းဖို့ကတော့ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူးလေ"

Janeမှာ အမွှာရှိတာရော၊ မိဘတွေကွဲနေတာရော ကျွန်မအရင်ကတည်းက သိပြီးသားပင်။ ဘာကြောင့်ကွဲသွားလဲဆိုတာတော့ အခုမှမေးမိခြင်းပေါ့။ Janeအဖေဟာ Bisexual, technically gayတစ်ယောက်ဖြစ်နေကြောင်း သိသွားလို့ပါတဲ့။ အဲ့ဒီလိုသိသွားရတာထက် ပိုနာကြည်းတာက တစ်ချိန်လုံးဖုံးကွယ်ခဲ့တာကြောင့်အပြင် အတိတ်မှာ Janeအမေရဲ့ မောင်ဝမ်းကွဲဖြစ်သူနဲ့ ချစ်ကြိုက်ပတ်သက်ခဲ့ကြောင်းကိုပါ သိသွားခြင်းကြောင့်ပင်။ ရှက်လည်းရှက်ပြီး စိတ်နာသွားတဲ့ Mrs.Rubyဟာ ခင်ပွန်းနဲ့ကွာရှင်းပစ်ကာ အမွှာနှစ်ယောက်ထဲက တစ်ယောက်ကိုခေါ်ကာ ကိုရီးယားထွက်သွားခဲ့လေတယ်။

Janeဟာ သူ့မိသားစုရဲ့ အတွင်းရေးကို ကျွန်မဆီမချွင်းမချန် ပြောတဲ့အထိ ကျွန်မတို့ကြား အရင်းနှီးဆုံးအခြေအနေဖြစ်နေပါပြီ။ ချစ်သူဖြစ်တာလည်း ၆လရှိပြီမို့။

"ဪ...Janeဖေဖေက တောင်းပန်ခဲ့တာတောင် သူက လုံးဝပြန်မလာဘူးပေါ့"

"အင်း...အဖေက Bisexualလေဟာ၊ အရင်က ‌ယောက်ျားတစ်ယောက်နဲ့ချစ်ခဲ့တယ် ဒါပေမယ့် နောက်ဆုံးမှာ အမေနဲ့တွေ့ပြီး တကယ်ချစ်လို့ယူခဲ့တာပါပဲ။ ဒါပေမယ့် အမေ့ကို စောစောမပြောခဲ့တာရယ်၊ အမေ့မောင်နဲ့ ဖြစ်ခဲ့တာရယ်က အမေ့ဘက်ကကြည့်ရင်လည်း စိတ်နာစရာပေါ့ဟာ။ ငါတော့ အဖေရော အမေရောကိုသနားတယ်။ ငါကိုယ်တိုင်ကပါ မိန်းကလေးချစ်သူရနေပြီဆိုတော့ အခုအဖေ့ကို ပိုတောင်နားလည်လာတယ်၊ အချစ်က အချစ်ပဲလေဟာ"

When We Fall...   [U+Z]Donde viven las historias. Descúbrelo ahora