6.7K 292 4
ရှောင်ကျန့် အတော်ပင် ဒေါသထွက်နေပြီဖြစ်သည်။ ဘယ်လိုစာရေးစရာကများ သူ့နာမည်နဲ့တူတဲ့ ကြင်ယာတော်ဇာတ်လမ်းကို ရေးလဲမသိဘူး။ ရေးရင်လည်း ​ကောင်းကောင်းမွန်မွန်ရေးပါလား။ ခုတော့ဖြင့် သူနဲ့နာမည်တူကြင်ယာတော်လေးက သေရတော့မယ်။ ကြင်ယာတော်လေးက ချစ်ဖိုကောင်းသလို ကလေးလည်းဆန်တယ်။ ရှောင်အိမ်တော်ကလည်း ကြင်ယာတော်လေးကို ချစ်လိုက်တာမှ သဲသဲလှုပ်။ ကြင်ယာတော်လေးလိုချင်သမျှ အကုန်လိုက်လျောပေးတာ။ အငယ်ဆုံးလေးလည်းဖြစ် အပြစ်ကင်းစင်တဲ့ ကလေးလေးတစ်ယောက်လို ဖြစ်နေတော့ အားလုံးကချစ်ခင်ကြတယ်။ နန်းတွင်းမရောက်ခင်ထိ ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်ပြုံးပြုံးရှိနေတဲ့ ကြင်ယာတော်လေးက နန်းတွင်းရောက်မှ ပျော်ရွှင်မှုဆိုတဲ့အရာ အပြုံးဆိုတဲ့အရာက ဘာလဲလို့ ပြန်ပေးလို့ရလောက်အောင် စိတ်ဆင်းရဲမှုတွေကိုခံစားနေရတယ်။ ချန်မိဖုရားရဲ့ နှိပ်စက်မှု၊ အရှက်ရစေမှုတို့ကြောင့် ကြင်ယာတော်လေးက သူ့ကိုယ်သူသတ်တဲ့အထိဖြစ်လာခဲ့သည်။ ဝမ်ဘုရင်ကတော့ ကြင်ယာတော်လေး နန်းတော်ထဲဝင်တဲ့အချိန်ကနေ သေဆုံးတဲ့အချိန်ထိ ကြင်ယာတော်လေး နန်းဆောင်ကိုမလာခဲ့သလို တစ်ခါမှလည်း မမြင်မတွေ့ခဲ့ဖူးဘူး။ တစ်နေ့တော့ ကြင်ယာတော်လေးက တစ်ခြားသူနဲ့ ​ဖောက်ပြန်နေပါတယ်ဆိုပြီး ချောက်တွန်းတဲ့ချန်မိဖုရားကြောင့် အပြစ်အတွက်စစ်ဆေးမှုတောင်မလုပ်ရသေးပဲ သတ်သေသွားခဲ့တယ်။ နောက်ဆုံးတော့လည်း ကမ္ဘာပေါ်မှာရှိသမျှဝတ္ထုတွေလိုပဲ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မ ပျော်ရွှင်စွာပေါင်းဖတ်စေသတည်းပေါ့။
"fuckပဲ စာရေးဆရာရေ။ အပြင်မှာသာမြင်ဖူးရင် မင်းကိုငါအပိုင်းပိုင်း ခုတ်ပြီးတာကြာပေါ့။ သူ့ဘာသာ ​ပျော်ပျော်ရွှင်ရွှင်နေ နေတဲ့ကလေးကို ဒုက္ခတွင်းထဲ အရောက်ပို့တယ်။ နောက်ဆုံးသေပေးရတဲ့ဘဝ။ သနားစရာ ငါ့ကလေးလေး။ ဇာတ်လိုက်နဲ့ဇာတ်လိုက်မကြတော့ ပေါင်းဖက်ရပြီးတော့ ကြားထဲကဇာတ်ကောင်လေးတွေက သေရင်သေ၊ မသေရင်ပျောက်ကွယ်ပေးရတာကြီးပဲ။ တော်ပြီ ဆက်တွေးရင် စာရေးဆရာကော သူ့ရဲ့ဘီလူးမလိုမိဖုရားရော အပိုင်းပိုင်းခုတ်ချင်တဲ့ စိတ်တွေပေါက်တယ်။ မားဆီသွားပြီး စားဖို့တခုခု သွားလုပ်ခိုင်းတာပဲကောင်းတယ်။" စိတ်ဆိုးဒေါသထွက်ရင်အစားစားပေးရတယ်တဲ့။ ဘယ်သူပြောလဲ မမေးပါနဲ့။ ရုပ်ချောပြီးချစ်စရာကောင်းတဲ့ ကျန့်ကျန့်လေးပြောတာ။ မယုံလည်းပုံပြင်လို့သာ မှတ်ကြပေါ့ကွယ်။