တရားထိုင်တာ စိတ်ကိုပြေလျော့စေတယ်တဲ့
အေးချမ်းစေတယ် ကုသိုလ်ပွားစေတယ်
လွတ်လပ်စေတယ်တဲ့

အင်း ငါကတော့ လွတ်လပ်တာ နည်းနည်းပိုသွားတယ်...။ ဝိဉာဉ်ပါလွတ်လပ်သွားတာ
အေးပါလေရော။ အဲ့မှာ ဘယ်ကမှန်းမသိတဲ့ ငနဲက ငါ့ကိုယ်ထဲဝင်ပြီး ငါ့ယောကျာ်းနဲ့လက်တွဲထားတော့ ထိုင်မရ ထမရနဲ့
ဆေးရုံကော်ရစ်တာမှာ ငါတစ်ယောက်တည်း
တိုင်ပတ်နေတယ်ဆိုပါစို့...

ဆော့ဂျင်အစစ်ဘာမှမတတ်နိုင်ပဲ
သူတို့နောက်လိုက်ခဲ့တယ်။

ဆော့ဂျင်အတုဟာ ဆေးရုံခန်းထဲဝင်ဝင်သွားချင်းမှာ အိပ်ချင်မူးတူးဖြစ်နေရှာတဲ့ဂျီမင်းကို
ဖက်ထားလိုက်တယ်။

ဂျီမင်းကလည်း ဆော့ဂျင်အတုအား
ဆော့ဂျင်မှတ်ကာ ပြန်ဖက်ထားခဲ့တယ်။

အဲ့အချိန်မှာ ထယ်ယောင်းလေးလည်း
လူးလွန့်လာကာ ဆော့ဂျင်အတုကိုကြည့်ပြီး
ငိုတော့တယ်။

"သားငယ် ဘာလို့ငိုတာလဲကွာ...
ပါးပါးလေ မကြောက်ရဘူး ဟုတ်ပြီလား''

"ပါးပါးကြောင့် သားခေါင်းကိုက်တယ်
ပါးပါးကိုမုန်းတယ် မချစ်တော့ဘူး''

ဆော့ဂျင်အတုကိုတော့မသိပေမဲ့
ဆော့ဂျင်အစစ်ဟာတော့ ရင်ထဲအင့်ခနဲပင်။
ကိုယ်တောင်မသိလိုက်ခင် စီးကျလာတဲ့မျက်ရည်တွေဟာ သူဘယ်လောက်ဝမ်းနည်းနေကြောင်း ဖော်ပြနေခဲ့တယ်။

ပါးကတကယ်ဆိုးတာပဲ။

သားလေးတွေအပေါ် သူ့အပြစ်တကယ်ကြီးသွားခဲ့တာ....။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ကလေးတွေ
စိတ်ဒဏ်ရာရမှာလည်း မလိုချင်ပါ။
ဒါပေမဲ့ သားငယ်လေးက စနေပြီ
အဲ့side effects တွေခံစားနေရပြီ။
သားကြီးလေးလည်း မကြာခင်ခံစားလာရတော့မှာ။

ဟင့်အင်း...။ ဟင့်အင်း...။
ငါတကယ်မလိုချင်ဘူး။
သားတို့ကို ငါ့လိုမဖြစ်စေချင်ဘူး။




"ပါးတောင်းပန်ပါတယ် သားရယ်
ပါးကတိပေးတယ်။ ပါးဒေါသကို ပါးထိန်းပါ့မယ်''

"ပါးကအဲ့လိုပဲပြောပြီး ကတိဖျက်တယ် ပါးကဆိုးတယ်''

"သားငယ် ပါးပါးကိုဘယ်လိုပြောလိုက်တာလဲ
ဒယ်ဒီမကြိုက်ဘူးနော်''

You've reached the end of published parts.

⏰ Last updated: Sep 10, 2021 ⏰

Add this story to your Library to get notified about new parts!

Psycho DadWhere stories live. Discover now