part 5

1.3K 142 17
                                    

#Unicode

ဆော့ဂျင်တို့သားအဖသုံးယောက်က
အိပ်ကောင်းတုန်းပင်
ထိုအချိန် ခန္ဓာကိူယ်လေးလွန့်လူးကာ ထလာတဲ့
ထယ်ယောင်းလေး

တီဗီခလုတ်ကိုဖွင့်ကာ
ဇာတ်ကားတစ်ကားကိုကြည့်နေမိသည်..။

ဇာတ်ကားနာမည်က စင်ဒရဲလားတဲ့လေ

ထယ်ယောင်းကြည့်နေတဲ့အသံတွေကြောင့်
ဂျီမင်းရော ဆော့ဂျင်ပါနိုးလာကြပြီး
ထယ်ယောင်းနှင့်အတူ ကြည့်နေကြသည်

ဆိုးဝါးတာတစ်ချက်ရှိလာခဲ့သည်...။
မိထွေးက စင်ဒရဲလားအကျီကိုဖြဲတဲ့အခန်းမှာပေါ့

အကျီစကိုကျစ်ကျစ်ဆုပ်ကိုင်ထားတဲ့ ဆော့ဂျင်က
ဒေါသကိုဖြေလျော့နေဟန်...။
နောက်တော့ တီဗီကိုကွဲအောင်လုပ်ပစ်လိုက်တဲ့
ဆော့ဂျင်
တီဗီရီမုအားပစ်ပေါက်လိုက်ခြင်းကြောင့်
ကလေးတွေလန့်ဖြန့်ကုန်ရသည်..။

ဆော့ဂျင်မှာ အသားတွေတစ်ဆတ်ဆတ်တုန်နေသည်..

အခုမှထယ်ယောင်းသတိရလာတာက

"ပါးပါးရှေ့မှာ ဘယ်တော့မှ
ဒေါသထွက်ဖို့ကောင်းတဲ့ ဇာတ်ကားမျိုးမကြည့်ပါနဲ့''တဲ့

အခုချိန် ဆော့ဂျင်နားမှာ ကလေးနှစ်ယောက်လုံး
ငုတ်တုတ်လေးတွေ လှုပ်လဲမလှုပ်ရဲ
တစ်ခုခုပြုတ်ကျသွားတာတို့ ဘာတို့ဆို
ရောက်ရှိလာမဲ့အန္တရာယ်က ကြောက်ဖို့သိပ်ကောင်းလှသည်..။

ကံမကောင်းစွာနဲ့ပဲ တံခါးရှေ့ကနေ
နတ်စ်မတစ်ဦးချော်လဲလို့အော်လိုက်တဲ့အသံဟာ
ဆော့ဂျင်ရဲ့စိတ်အား တစ်ဟုန်ထိုးဖြစ်သွားအောင်
လုပ်လိုက်သလိုပင်..။

*ဖြန်း*

လက်နှစ်ဖက်ကို မြောက်ကာ ကျောပြင်သေးသေးလေးတွေအား ဖြန်းခနဲချလိုက်တဲ့ဆော့ဂျင်..။

အသီးပန်းကန်မှာလဲကျကွဲကာ
ကလေးတွေမှာ ကြောက်ရွ့နေရသည်..။

ဆော့ဂျင်ရဲ့မျက်နှာဟာ သိပ်ကြောက်ဖို့ကောင်းလှသည်..။

ထယ်ယောင်းမှာ ဒူးတွေတုန်ကာ
မျက်ရည်တောင်မထွက်တော့
ဂျိ်မင်းဆို တောင့်တောင့်ကြီးရပ်ကာ
ဘုရားစာတွေရွတ်နေဟန်ရှိသည်...။

Psycho DadOù les histoires vivent. Découvrez maintenant