Part 6

813 96 23
                                    


##UNICODE##

ထယ်ယောင်း၏အနာအားချုပ်ပြီးတော့
သူ့ကိုလဲအိပ်ဆေးပေးထားလိုက်သည်
သွေးတွေပေကျံနေတဲ့အကျီလေးတွေကိုကြည့်ရင်း
နမ်ဂျွန်းသူ့အမှားနဲ့မကင်းဘူးဟုခံစားမိကာ
ငိုကြွေးမိသည်

ထိုစဉ်ဝုန်းခနဲတံခါးဖွင့်သံနဲ့အတူ
အခန်းတွင်းကိုဝင်ရောက်လာတ့ဲ့ဂျောင်ဂု

"ကလေးတွေထပ်ဖြစ်ပြန်ပြီ
အကို!! အကိုဘာလုပ်နေလို့
ကလေးတွေကဒီလောက်တောင်
ထိခိုက်သွားရတာလဲဗျ ဟမ်''

"Babyစိတ်ဖောက်လာရင်
ဘယ်သူမှမထိခိုက်ရအောင်
အခန်းတံခါးကိုအပြင်ကနေလော့ချခဲ့တာ
ငါသတိမထားမိခဲ့တာက
သားလေးတွေပဲ
အခုငါ့ကြောင့် သားလေးတွေထိခိုက်ရပြန်ပြီ
ငါ့ကြောင့်''

"အကို့ကြောင့်မဟုတ်ဘူး
အကျိုးရှိလို့အကြောင်းဖြစ်တာ''

"ကျစ် ဟာကွာ''



*အဟင့် အဟင့်*

"သားငယ် အဆင်ပြေရဲ့လား''

ဂျီမင်းလေးရဲ့ငိုသံရောနေတဲ့အသံလေးတွေကြောင့်
နမ်ဂျွန်းမှာအရူးတစ်ပိုင်း

"ဒယ်ဒီ ခေါင်းအရမ်းကိုက်တယ် ဟင့်
သားခေါင်းကိုတူနဲ့ထုနေသလိုပဲ''

"မငိုနဲ့နော် သားလေး
သားအဆင်ပြေသွားမှာပါ
ခဏအိပ်လိုက် ဒယ်ဒီချော့သိပ်မယ်''

အင်အားဖျော့လျော့နေတဲ့သားငယ်ဟာ
ပြုံးရုံသာပြုံးပြလာသည်

နမ်ဂျွန်းကုတင်ပေါ်တက်လိုက်ကာ
ဂျီမင်းအားဖက်လိုက်သည်
ဂျီမင်းရဲ့ခေါင်းလေးကိုပွတ်ပေးကာ
သီချင်းလေးဆိုသိပ်တော့
သိပ်တောင်မကြာလိုက်ပေ
ကလေးကအိပ်ပျော်သွားရှာသည်

"ထယ်လေးရော အဆင်ပြေရဲ့လား''

"အင်း ငါbabyကိုခဏသွားကြည့်လိုက်ဦးမယ်''

"ကျွန်တော် ကလေးတွေကိုကြည့်ထားလိုက်မယ်''

နမ်ဂျွန်းတစ်ယောက်လေးလံသောခြေထောက်များဖြင့် ဆော့ဂျင်ဆီသို့သွားခဲ့သည်

ဆော့ဂျင်ကိုကလေးတွေနဲ့မခွဲထားချင်ပေမဲ့
အခြေအနေအရတော့ ခဏခွဲထားရမည်ဟု
သူဆုံးဖြတ်ကာ တံခါးဖွင့်လိုက်သည်

Psycho DadWhere stories live. Discover now