သူမက ပိုင်ရီ၏လက်အား ဆုပ်ကိုင်လိုက်ကာ " ဒီလူတွေကို ပြန်ခံစားရအောင် လုပ်ချင်တယ် .. ကျွန်မတို့ ပူးပေါင်းမလား"
ပိုင်ရီက သူ့လက်အားဆွဲထုတ်ကာ ပုဝါတစ်ခုဖြင့် အေးဆေးစွာသုတ်လိုက်သည် ။ " ငါလုပ်ချင်တယ်ဆိုရင်တောင် မင်းရဲ့ အကူအညီမလိုဘူး .. "
သူက ထိုင်ခုံမှ ထရပ်လိုက်ကာ ထွက်သွားရန် ခြေလှမ်းလိုက်သည် ။ ကုရှင်းအနားသို့ အရောက်တွင် ခေါင်းကို အသာငဲ့စောင်းလျက် " မင်းရဲ့အကူအညီမရှိရင် ကုမိသားစုက ဘာမှမဟုတ်ဘူး .. မင်းကလဲ ရှုမင်ရန်ရဲ့ အကူအညီမရှိရင် ဘာမှမဟုတ်ဘူး " လက်ထဲက လက်ကိုင်ပုဝါအား အမှိုက်ပုံးထဲသို့ ပစ်ချလိုက်ကာ
" ရှုမင်ရန်ကလဲငါ့အတွက် ဘာမှမဟုတ်ဘူး.. ဒီနှစ်တွေအတွင်း ငါ့ဘက်က ဘာမှမတုန့်ပြန်လို့ အဟုတ်ကြီးမှတ်မနေကြနဲ့ .. မင်းတို့ကို ဂရုမစိုက်တာက ဂရုစိုက်ဖို့ မလိုလို့ဘဲ .. ငါ့အတွက် အမှိုက်လိုဟာတွေ ..."
" နောက်တစ်ခါ ငါ့ရှေ့မှာ ပေါ်လာရင် အလောင်းအနေနဲ့ဘဲ ဖြစ်လာလိမ့်မယ် ဆိုတာ မြဲမြဲမှတ်ထား ... "
ဆိုင်ထဲတွင် ကုရှင်းက တုန်လှုပ်သည့်အမှုအရာဖြင့် ကျန်ရစ်နေခဲ့သည် ။ သူမမျက်ဝန်းထဲတွင် ပိုင်ရီ၏ ပုံရိပ်များပေါ်လာသည်။ ‌ချောမောသည့်မျက်နှာထက်တွင် တစ်ယောက်ထဲအတွက်သာ ပေါ်လာတတ်သည့် အပြုံးများ ၊ အသေးစိတ်ဂရုစိုက်မှုများ ၊ကာကွယ်မှု ၊ ယုံကြည်မှု ထိုအရာအားလုံးသည် သူမ ရှုမင်ရန်ထံတွင် မျှော်လင့်ခဲ့ဖူးသည့် အရာများသာ ။ ရုတ်တရက် ကုရှင်း၏ မျက်ဝန်းများသည် လင်းလက်သွားခဲ့ကာ ပိုင်ရီ၏ ပုံရိပ်သည် ရှုမင်ရန်အား ကျော်လွန်သွားခဲ့သည် ။ တချိန်တည်းမှာပင် ကုချန် အပေါ်တွင် ထားသည့် သူမအမုန်းများသည် နက်ရှိုင်းလာခဲ့တော့သည် ။
တကယ်ဆိုရင် ကုချန်နေရာတွင် သူမသာ ရှိသင့်သည် ။ သူမသာ ဂရုစိုက်ခံရသင့်သည် ။ သူမသာ ဒီလိုလူတွေရဲ့ အာရုံကို ရသင့်သည် ။ ကုရှင်း၏ မျက်နှာထက်တွင် ဆုံးဖြတ်ချက်ခိုင်မာသည့် အကြည့်တစ်ခုပေါ်လာ ဆိုင်မှ ထွက်သွားတော့သည်။
" အားချန်... ဒါဆို မားတို့ ပြန်တော့မယ်နော် .. မင်းမိတ်ဆွေက တော်တော်သဘောကောင်းတယ် .." ကုချန်က ခေါင်းညိတ်လိုက်ကာ လက်ပြနူတ်ဆက်လိုက်သည် ။ ကုမိဘများ၏ ပုံရိပ်ပျောက်သွားချိန်တွင် ခြံဝင်းထဲတွင် ပုန်းနေကြသည့် အစောင့်များ ထွက်လာကာ ကုချန်အား ဝိုင်းရံလိုက်သည် ။