Part-80(သက်သေပြုကာတိုင်တည်ပါသည်)

Start from the beginning
                                    

သစ်ရွက်သေးသေးလေးသည် မျက်ရည်များပင်
ဝိုင်းသွားရ၏။ ပါးလေးနှစ်ဖက်လုံးကိုသူ့လက်လေး
များဖြင့်အုပ်ကိုင်ကာထား၏။ သို့သော် သစ်မိုးအိမ်
ကိုတော့ သူထပ်ကာကိုက်ခံရမည်ဆိုးသည့်အလား
မော့မကြည့်တော့ဘဲ ခေါင်းကြီးကိုသာအတင်းငုံ့ထား
တော့၏။

ထိုအခါ ကျိုးပဲ့လွယ်ဟန်ပေါ်သော ဂုတ်ပိုးဖြူဖြူ
လေးကို လှစ်ဟသလိုဖြစ်တော့၏။ သစ်မိုးအိမ် က
မချင့်မရဲဖြစ်ဟန်များ ရောကာပါနေသော အသံဖြင့်
ရယ်သွမ်းသွေးလိုက်ပြီး သူ၏လက်ဖဝါးကြီးတစ်ဖက်
ဖြင့် ထိုကျိုးပဲ့လွယ်ဟန်ပေါ်သော ဂုတ်ပိုးဖြူဖြူလေး
ကို လက်တင်ကာ ခပ်ဖွဖွဖျစ်ညစ်လိုက်၏။

သစ်မိုးအိမ် နှလုံးအိမ်တစ်ခုလုံး အနွေးဓာတ်လေး
စီးဆင်းသွားသလိုခံစားလိုက်ရသောကြောင့် သူထပ်
ကာ ရီလိုက်မိသည်။

"အဟွန်း.."

သန်မာသော လက်ဖဝါးကြီးမှ အနွေးဓာတ်သည်
ဂုတ်ပိုးဖြူဖြူလေးမှသည် ရွက်စိမ်း၏ကိုယ်ငယ်လေး
သို့တိုင်အောင် စီးဆင်းကာသွား၏။ သစ်မိုးအိမ်က
သူတို့ကားရပ်ထားသော နေရာနှင့် မလှမ်းမကမ်းတွင်
ရှိသော ရေခဲမုန့်ဆိုင်လေးကို ကြည့်လိုက်၏။

ရေခဲမုန့်ဆိုင်လေးသည် ကားရပ်ထားသောနေရာနှင့်
ဆယ်လှမ်းမကသော အကွာအဝေးတွင် ရှိသည်မှာ
သေချာ၏။ ထို့ကြောင့် ရွက်စိမ်းလေး ရေခဲမုန့်ဝယ်
စားရန်သွားသည်နှင့် သစ်မိုးအိမ်၏စည်းကမ်းများ
မှာ အသက်ဝင်လာတော့မည်ဖြစ်သည်။

အမှန်မှာ ထိုရေခဲမုန့်ဆိုင်လေးသည် ကားလမ်းဘေး
တွင် လှလှလေးလုပ်ထားသော mini ဆိုင်လေးဖြစ်
ပြီး ဆိုင်ရှေ့တွင်ကားရပ်ကာ ကားပေါ်မှပင်လှမ်းဝယ်
၍ရသည်။

အကြံကြီးသော နံပါတ် ၅အိမ်တော်၏ ပထမ
သခင်လေးကတော့ ထိုသို့ဖြစ်ရန်ခွင့်မပြုပေ..။
ခပ်လှမ်းလှမ်းတွင်သာ ကားကိုရပ်ထား၏..။
သစ်မိုးအိမ် ပြုံးလိုက်ကာ လှုံ့ဆော်သလိုပြော
လိုက်သည်။

"ကိုကို့ သစ်ရွက်ငယ်လေးရေ.. စည်းကမ်းတွေ
မှတ်မိတယ်ဆိုမှတော့ ဘာလို့ ဒီကိုကို့ကို အနမ်း
မပေးရသေးတာလဲဗျ.."

Clover your'e my clover[Completed]Where stories live. Discover now