" ဖယ်စမ်း!!! " သူ့အရှေ့တွင် ပိတ်ရပ်နေသည့် ကုရှင်းကြောင့် သူ့အကြည့်က ခက်ထန်သွားတော့သည် ။
ကုရှင်းက ပိုင်ရီလက်ပေါ်တွင်ရှိနေသည့် ကုချန်အား တစ်ချက်ကြည့်လိုက်ကာ လှောင်ပြုံးပြုံးလိုက်သည် ။ သူမက ပိုင်ရီအား " ပိုင်သခင်လေးရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်နေတဲ့ လူတစ်ယောက်အကြောင်း ပြောချင်လို့ပါ .. "
" ဒါပေမဲ့ .. အရင်ဆုံး ဆေးရုံသွားရအောင်ပါ " သူမသည် ဉာဏ်ကောင်းသည့် အမျိုးသမီးတစ်ယောက်ဖြစ်ကာ အခြေအနေအချိန်အခါကို သိလေသည် ။ ပိုင်ရီ၏ စိတ်သည် ကုချန်ကို စိုးရိမ်ပူပန်နေခြင်းကြောင့် သူမ ဘာပြောပြော နားဝင်မည် မဟုတ်ချေ ။
___________
" လူနာက အဆင်ပြေပါတယ် .. "
ဆရာဝန်၏ ပြောကြားချက်ကြောင့် ကုရှင်း၏ နူတ်ခမ်းတို့က တွန့်ကွေးသွားခဲ့ကာ ပိုင်ရီအား ကြည့်လိုက်သည် ။ " ဘယ်လိုလဲ .. ဒီတစ်ခါလဲ အလိမ်ခံလိုက်ရပြန်ပြီမလား "
ပိုင်ရီက သူ့ပုခုံးအား လာပုတ်သည့် ကုရှင်း၏ လက်အား ရှောင်လိုက်ကာ အခန်းတံခါးပိတ်သွားသည်အထိ အထဲတွင်ရှိသော ကုချန်အား  ကြည့်နေခဲ့သည် ။ " လိုရင်းပြော .."
ထိုစကားကြောင့် ကုရှင်း၏ အပြုံးက ပိုလို့ပင် ပီပြင်လာခဲ့သည် ။ သူမက ကုချန်သည် အစိုးရဘက်တွင်ရှိကာ သူမတို့ရရှိထားသည့် အချက်အလက်တချို့နဲ့အတူ အင်အားစုများအား နိုင်ငံတော်၏ ထိန်းချုပ်မှုရောက်အောင် ပြန်လုပ်ဖို့ ကြိုးစားသည့် သက်သေများကို ပြခဲ့သည် ။ ကုချန်၏ ပါမောက္ခပင် ပါသေးသည်။
" ပိုင်မိသားစု နဲ့ တို့နဲ့ကို ရန်တိုက်ပြီး နှစ်ဖက်လုံး နှစ်နာစေချင်တာ ကို အချက်အလက်တွေကြည့်ရုံနဲ့ သိနိုင်ပါတယ် .." ကုရှင်းက နောက်ဆုံးအချက်အနေနဲ့ ပြောလိုက်သည် ။ ပြီးနောက် သူမက ကုချန်နဲ့ ပါမောက္ခ၏ တွေ့ဆုံသည့် ဓာတ်ပုံမှ ကုချန်အား လက်ထောက်လိုက်ကာ ပြုံးလိုက်သည် ။
" သူ့ ကို ရှင့်အတွက်ထားထားပုံဘဲ .. "
ပိုင်ရီ၏အမှုအရာသည် မပြောင်းလဲသွားခဲ့‌ပေ ။ သူကကုရှင်းထံမှ သိချင်တာ သိပြီးနောက် သူမအား မောင်းထုတ်လိုက်တော့သည် ။