Part-79(ပန်းဖျော့ရောင်နေ့စွဲများ..)

Mulai dari awal
                                        

ထိုအတူပင် မြို့တော်တစ်နေရာရှိ..အခြေခံ
လူတန်းစားအများဆုံးနေသော အိမ်ရာ၏တိုက်ခန်း
တစ်ခုတွင်ရှိသော ​ကောင်လေး၏ရှေ့မှ..Laptop
မျက်နှာပြင်မှအနီရောင် အစက်ကလေးသည်လည်း ရွေ့လျားနေတော့သည်။

လင်းနေ..ကားကိုဝမ်ဟိုင်နေထိုင်ရာ တိုက်ခန်း
ဘက်သို့ဦးတည်ကာမောင်းနှင်လာလိုက်၏...။
လင်းနေက အဆောက်အဦးတိုက်တာများစွာကို
ကျော်ဖြတ်ပြီးနောက် ညဘက်သို့ကွေ့လိုက်ကာ
ကားကိုတိုက်ခန်းတွဲရှေ့တွင်ရပ်လိုက်သည်။

ဝမ်ဟိုင်က ၆လွှာတွင်နေခြင်းဖြစ်သောကြောင့်
လင်းနေ ခြောက်လွှာသို့သာတိုက်ရိုက်တက်လာ
လိုက်၏။ လင်းနေကဝမ်ဟိုင်ကို လိုက်ပို့ဖူးသော
ကြောင့် အခုနေရာနှင့်မစိမ်းသော်လည်း အပေါ်
ထိတော့မလိုက်ဖူးပေ..။ အခုတစ်ကြိမ်က ပထမ
ဆုံးဟုဆိုနိုင်သည်။

လင်းနေ အခန်းတံခါးရှေ့ရောက်သောအခါ..
လူခေါ်ဘဲလ်ကို နှိပ်လိုက်သည်။ သုံးခါမြောက်
နှိပ်လို့အပြီးတွင် သံပန်းတံခါးအတွင်းဘက်မှ
တံခါးပွင့်လာ၏။ တစ်ခဏအတွင်းပင် ရေလှိုင်း
ဆံပင်ကောက်လေးများဖြင့် ကြည့်ကောင်းသော
အမျိုးသားငယ်လေး၏မျက်နှာကပေါ်လာသည်။

"လင်းနေ ဘယ်လိုရောက်လာတာဘဲ.."

ဖျားနေသောကြောင့်ထင် ဝမ်ဟိုင်၏မျက်နှာက
အနည်းငယ်နီမြန်းကာ ရေလှိုင်းဆံပင်များကလည်း
အနည်းငယ်ရှုပ်ပွကာနေ၏။ ဝမ်ဟိုင်က တအံ့တဩ
ဖြင့် လင်းနေကိုပြောလာသောကြောင့် လင်းနေက..
ပြုံးပြလိုက်ကာ ပြောလိုက်၏။

"ကိုယ့်ကိုအထဲ မဝင်ခိုင်းတော့ဘူးလား.."

"အာ..တောင်းပန်ပါတယ် ကျွန်တော်မေ့သွားလို့"

ဝမ်ဟိုင်က ပြာပြာသလဲလဲဖြင့်ပြောရင်း သံပန်း
တံခါးကိုဖွင့်ပေးသည်။ ကိုယ်ကိုရို့ကာ လင်းနေကို
အိမ်ထဲသို့ဝင်ရန်ဖိတ်ခေါ်လာ၏။ လင်းနေတိုက်ခန်း
အတွင်းသို့ဝင်လိုက်ကာ အနည်းငယ်အကဲခတ်လိုက်
သည်။ အခန်းလေးကသေးသော်လည်း သပ်သပ်ရပ်
ရပ်တော့ရှိသည်။

ဧည့်ခန်းထဲတွင် ဆိုဖာခုံရှည်တစ်ခုကိုချထားပြီး..
စားပွဲငယ်တစ်လုံးပါရှိသည်။ လင်းနေခုံရှည်တွင်
ဝင်ထိုင်လိုက်သည်။ လင်းနေက အခန်းလေးကို
အကြည့်များနေရာချနေစဉ်တွင် ဝမ်ဟိုင်ကလင်းနေ
၏ လှုပ်ရှားမှုမှန်သမျှကို တစ်ချက်မှမလွှတ်စေရဘဲ
လိုက်ကြည့်နေ၏။

Clover your'e my clover[Completed]Tempat cerita menjadi hidup. Temukan sekarang