Part-79(ပန်းဖျော့ရောင်နေ့စွဲများ..)

Start from the beginning
                                        

လင်းနေ ဖုန်းကို ထပ်မံခေါ်ဆိုလိုက်သော်လည်း
လူကြီးမင်းဖြင့်သာတိုးပြန်သည်။ ဆယ်ကြိမ်မြောက်
အပြီးတွင် လင်းနေထပ်မံခေါ်ဆိုခြင်းမပြုတော့ဘဲ..
လက်ချောင်းသွယ်သွယ်များကိုမြန်မြန်လှုပ်ရှားစေ
ကာ Message တစ်စောင်ပို့လိုက်သည်။

~ဝမ်ဟိုင် မင်းဘယ်မှာလဲ?..~

လင်းနေ စားပွဲကိုလက်ချောင်းများဖြင့်တတောက်
တောက်ခေါက်ရင်း ဖုန်းမျက်နှာပြင်ကိုစိုက်ကြည့်နေ
လိုက်သည်။ ၅မိနစ်ကြာသွားသည်အထိ မည်သည့်
တုန့်ပြန်မှာမှမရှိသောကြောင့် လင်းနေ မျက်ခုံးများ
ပိုကာတွန့်ချိုးသွားကာ စာနောက်တစ်စောင်ပို့လိုက်
သည်။

~နေမကောင်းဘူးဆို..။ အခုအိမ်မှာလား ကျောင်း
မှာလား? ဘာလို့ကိုယ့်ကို ဖုန်းမဆက်တာလဲ..~

လင်းနေ အနည်းငယ်စဉ်းစားကာ စာတစ်စောင်
ထပ်ရေးလိုက်သည်။

~ကိုယ်လာကြည့်ပေးရမလား..?..~

လင်းနေ သေချာဆုံးဖြတ်ပြီးနောက် အပေါ်ကုတ်
အင်္ကျီကိုယူကာ ထရပ်လိုက်သည်။ သူက ရှပ်
အင်္ကျီအဖြူရောင်ကို တံတောင်ဆစ်အနားထိ..
ခေါက်တင်ထား၏။ လင်းနေ ကုတ်အင်္ကျီကိုလက်
တစ်ဖက်က ကိုင်ရင်းကျန်လက်တစ်ဖက်ကတော့..
ဖုန်းစခရင်ပေါ်တွင်လက်ချောင်းများကိုပြေးလွှားစေ
ရင်း စာတစ်စောင်ထပ်ပို့လိုက်သည်။

~ကိုယ်လာနေပြီ..~

လင်းနေ စာပို့ပြီးသည်နှင့်ဖုန်းကို ဘောင်းဘီအိတ်
ထဲထည့်လိုက်ကာ ခြေလှမ်းကျယ်ကြီးများဖြင့်...
ကုမ္ပဏီကားပါကင်ကို ဦးတည်လိုက်၏..။ အတွင်း
ရေးမှူးအယွန်းကိုတော့ သူအရေးကြီးကိစ္စဖြင့်
အပြင်သွား စရာရှိကြောင်းပြောခဲ့လိုက်၏။

လင်းနေ ကုမ္ပဏီကားပါကင်သို့သွားရာတစ်လျှောက်
ဝန်ထမ်းများက လင်းနေကိုဖော်ရွေစွာနှုတ်ဆက်လာ
ကြ၏။ လင်းနေကလည်း မူပိုင်အပြုံးလေးဖြင့်တုန့်ပြန်
ကာ ကားပါကင်သို့လျှောက်သွားလိုက်သည်။

လင်းနေ၏ ညာဘက်လက်ကောက်ဝတ်တွင်ပတ်
ထားသော ရိုးရှင်းသည့် bracelet လေးသည်
လင်းနေ ကားစီရင်ယာတိုင်ကိုကိုင်ကာ ကားကို
စာတင်မောင်းထွက်လိုက်ချိန်တွင် အနည်းငယ်
လှုပ်ခတ်သွား၏။

Clover your'e my clover[Completed]Where stories live. Discover now