ထိုလှပသောအမျိုးသမီးသည်
မီးဖိုချောင်သို့သွားရာလမ်းအား
ညွှန်းပြချိန်တွင်သူမကိုကြည့်ရသည်မှာ၊
အနည်းငယ်ရှက်သွေးဖြာနေပုံရပြီး၊
သူမ၏ပါးမို့လေးများသည်လည်း
ပန်းဆီရောင်သမ်းနေခဲ့သည်။

ယောင်းယီတစ်ကိုယ်လုံး
ကြက်သီးမွေးညင်းများထသွားသလို
ခံစားလိုက်ရသည်။သို့သော်လည်း
သူ၏အလုပ်ဖြစ်နေသည့်အလျောက်၊
ကိရိယာပုံးအားမကာ၊မီးဖိုချောင်ဆီသို့
သာဦးတည်လိုက်သည်။ထိုလှပသော
အမျိုးသမီးသည်ယောင်းယီ၏
နောက်ကျောအားစွဲစွဲမက်မက်
စိုက်ကြည့်နေကာ၊သူမ၏
မျက်လုံးများသည်ယောင်းယီ၏
ချွေးများစိုရွှဲနေသည့်ကျောရိုး၌
သာတရစ်ရစ်ဝဲနေခဲ့သည်။

သူမသည်အလွန်ချောမောပါပေ့ဆိုသည့်
အမျိုးသားများစွာကိုမြင်တွေ့ခဲ့ဖူးပြီးပြီ
ဖြစ်သော်လည်း၊ယခုမှာပထမဆုံးအကြိမ်
သူမ၏နှလုံးသားလေးသည်ခုန်လှုပ်လာခဲ့
ခြင်းဖြစ်သည်။တံခါးမကြီးကိုပြန်လည်
ပိတ်ဆို့လိုက်ပြီးနောက်၊စက္ကန့်အနည်းငယ်
ကြာတုံ့ဆိုင်းနေပါသော်လည်း၊အဆုံးတွင်
တော့တံခါးကိုလော့ချလိုက်တော့သည်။

ယောင်းယီကတော့ ဘေစင်အောက်မှ
ရေပိုက်များအားပြုပြင်ရန်မီးဖိုချောင်
ထဲသို့အစောကြီးကတည်းကရောက်နှင့်
နေပြီဖြစ်သည်။

သူ၏သင်ယူနေဆဲဖြစ်သည့်စကေးကြောင့်
ဝက်အူတစ်ခုကိုမတော်တဆမှားလှည့်လိုက်
မိသည့်အတွက်ရေပိုက်ထဲမှရေများရုတ်တရပ်
ပန်းထွက်လာခဲ့သည်။ထို့ကြောင့်ယောင်းယီ
ခမျာရေများဖြင့်ပက်ဖြန်းခံလိုက်ရသည့်
အတွက်ရေနစ်နေသောကြွက်တစ်ကောင်
အဖြစ်အဆုံးသတ်သွားခဲ့ရသည်။

ယောင်းယီ: “…”

သွားပြီ၊သူတော့တကယ်ကိုအဆုံးသတ်ပြီ။
ရေပိုက်ကိုမပြင်နိုင်ရုံတင်မကဘူး၊ပိုဆိုး
အောင်လို့တောင်ဖျက်ဆီးလိုက်မိပြီ။

ယောင်းယီ ဗားခလုတ်ကိုပိတ်ကာ၊
ရေစီးဆင်းမှုကိုရပ်တန့်လိုက်သည်။
ထို့နောက်၊ရေများအိုင်ထွန်းနေသည့်
ဘေစင်အောက်မှကုန်းထွက်လာရုံရှိသေး
ထိုလှပသောအမျိုးသမီးသည်အချိန်ကိုက်
ဝင်ရောက်လာသည့်အတွက်သူမ၏
မျက်လုံးများကိုရှက်ကိုးရှက်ကန်းဖြစ်စွာ
ကြည့်လိုက်မိသည်။ယောင်းယီမလွဲဧကန်
ကြုံတွေ့ရတော့မည့်"လေပြင်းမုန်တိုင်းများ"
[2]အားရင်ဆိုင်ရန်သူကိုယ်သူအစောကြီး
ကတည်းကပြင်ဆင်လိုက်သည်။

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now