အပိုင်း ၁၄

Start from the beginning
                                    

" ဒုက္ခပါပဲ ၊ မြေနည်းနည်း ယူဖို့ရမယ်နဲ့တူတယ် "

Baekhyun ဟာ ပြောရင်းနဲ့ပဲ မြေဆွေးအိတ်တွေထဲက မြေအနည်းငယ် ခပ်ယူလို့ အပင်အောက်ခြေကို ပုံပေးလိုက်ရတယ် ။ ခုတလော သူယာခင်းထဲမှာ အမှားလုပ်မိတာတွေ အတော်များနေပြီ။

Haru လေးကတော့ Baekhyun ဘေးဘက်မှာ ဆောင့်ကြောင်လေးထိုင်နေပြီး သိပ်မလန်းဆန်းတဲ့ သူ့အစ်ကိုမျက်နှာကို မော့ငေးနေရှာတယ် ။

" ကိုကြီး နေမကောင်းဘူးလား "

" ကောင်းပါတယ် Haru ရဲ့ "

" ဒါဆို ချစ်သူကို လွမ်းနေတာလားဟင် ? "

" ဟမ် ? "

Baekhyun ကြောင်တောင်တောင်နဲ့ မျက်လုံးလေး ပြူးမိသွားတယ် ။ ခဏလေးနေပါဦး ။ သူ့ပါးစပ်က ဒီချစ်သူရည်းစားအကြောင်းတွေ တစ်ခွန်းမှ မဟ မိပါပဲ ဒီကလေးက ဘယ်ကနေ သင်ယူလာတာလဲ ။ မဖြစ်တော့ဘူး ။

Baekhyun ဟာ လက်ပေါ်က မြေမှုန့်လေးတွေကို ရိုက်ခါချလိုက်ပြီး လုပ်လက်စအလုပ်ကို ရပ်လို့ Haru ဘက် အသေအချာ လှည့်ကြည့်လိုက်တယ် ။

" Haru... ဒီလိုအကြောင်းတွေကို ဘယ်သူကပြောပြတာလဲ "

Haru ကတော့ မြေလျှောက်မြက်ပင်လေးရဲ့ ပန်းပွင့်သေးသေးလေးကို လက်ညှိုးလေးနဲ့ တို့ကစားနေရင်း ပြန်ဖြေလာတယ် ။

" ဘေးဘက်ပန်းဆိုင်က မမ Nabi လည်း ကိုကြီးလို ဖြစ်နေဖူးတယ် ။ နေလည်းကောင်းရဲ့သားနဲ့ တစ်နေကုန်မှိုင်ထွေနေတာ ။ Haru က ဘာဖြစ်တာလဲမေးတော့ သူ့ချစ်သူကို လွမ်းလို့တဲ့ "

Baekhyun ဟာ ကလေးအတွေး ကလေးအမေးလေးကြောင့် သွားစွယ်လေးတွေပေါ်အောင်ထိ ခေါင်းငုံ့ပြီး တစ်ချက်ပြုံးရယ်မိသွားတယ် ။ ဒါပေမယ့် Haru ဆက်လိုက်တဲ့ စကားတွေမှာတော့ သူမပြုံးနိုင်တော့ဘူး ။

" ပြီးတော့ ကတုံးဦးလေးတို့တွေ လာတုန်းကလည်း Haru မေးဖူးတယ်လေ ။ ဟိုမြွေပုံကြီးနဲ့ ကြောက်စရာဦးလေးကြီးက ဘယ်သူလဲဆိုတော့ ကိုကြီးရဲ့ ချစ်သူတဲ့ ။ ခု အဲ့ချစ်သူကို မတွေ့ရတော့တာမို့ ကိုကြီး လွမ်းနေတာမလား "

" Ha..Haru "

Baekhyun ဟာ မျက်လုံးလေးအဝိုင်းသားနဲ့ ဆွံ့အလို့ ဘာပြန်ပြောရမှန်းတောင် မသိဘူး ။

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Where stories live. Discover now