အပိုင်း ၅၂ / အပိုင္း ၅၂

Start from the beginning
                                    

အရင်ထဲက မင်းမောင် က မဒီတိုင်းရဲ့ ငေးမောမှုကို ရနေကြ ။ လူတိုင်းက အနားကပ်ချင်ပေမယ့် မကပ်ရဲကြ ။ တစ်ချို့ ပိုက်ဆံရှိ ရေလျှံ မဒီများကိုယ်တိုင် stripper ယောင်ဆောင်ကာ ချဉ်းကပ်ဖူးကြပေမယ့် မင်းမောင် က လှည့်ပင်မကြည့်ခဲ့ပါ ။

" ဟေး မတွေ့တာကြာပြီ bro "

" မင်းမောင် !!!!! "

ပလွိုင်း ကမ်းပေးတဲ့ လက်ကို ဆွဲကာ ရင်ဘတ်မှာ ကပ်ပြီး ပလွိုင်း နဲ့ ပခုံးချင်းတိုက်လိုက်သည် ။ ပလွိုင်းဆိုတာက မင်းမောင် အတွက် အကြီးဆုံးဝယ်လက် စာရင်းထဲမှာ ပါတဲ့ ဖြန့်ဖြူးသူတစ်ယောက် ။ ဒီဘက်မှာက ဘယ်လောက်ဂရမ်ဖြစ်ဖြစ် မြန်မြန်ကုန်နိုင်သည် ။ ပလွိုင်းကလဲ ပစ္စည်းဖြုန်းသိပ်တော်တဲ့သူ ။

" မင်း ရန်ကုန်သွားတယ်ဆိုလို့ ငါ ဝမ်းနည်းနေတာကွ "

" အေးကွာ ခဏပါ "

" ဘောစိပြောတာကျ မင်းက ကြာဦးမယ့်ပုံနဲ့ "

" အင်း မစကတော့ကြာမလို့ပဲ နောက်တော့ ပြန်လာဖြစ်သွားတယ် "

" ဘာလဲ ရန်ကုန်ဇယားက မလှလို့လား "

" ငါ ဇယားကိစ္စမဟုတ်ပါဘူးကွာ သက်သက် အကို့ ကိစ္စတွေ "

" ဪ .... "

" ဒါနဲ့ မင်းဆီ ဝယ်လက်အသစ်ရှိနေတယ်ဆို "

" မင်းမောင် မင်းမောင် မင်းကိုတော့ ဘာမှ ဝှက်လို့မရဘူးပဲ "

" ရကြေးလားကွာ ငါ က ဘယ်သူမို့လို့လဲ "

အလုံပိတ်အခန်းပေမယ့် ပလွိုင်းကမ်းပေးလာတဲ့ ဆေးလိပ်ကို မင်းမောင် မငြင်းဘဲ မီးညှိလိုက်သည် ။ ခြေထောက်ချိတ်ထိုင်ကာ နောက် လက်တစ်ဖက်က ‌အရက်ခွက်ကို ကိုင်ထားပြီး မဲ့ပြုံး ပြုံးကာ ပလွိုင်းကို ကြည့်နေလိုက်တယ် ။ ဒါပါပဲ ဉာဏ်မင်းမောင် ဒီလောက က လူတိုင်းက နာမည်နဲ့တင် ရှိန်နေရမယ့် သူ ။ သိပ်ကို အားကိုးရတဲ့ လက်ရုံးနှစ်ယောက်က အမြဲလိုလိုအရိပ်လိုပါနေတာကြောင့်ရော အာဏာစက်ပြင်းလွန်းတဲ့ အကိုကြောင့်ရော ဘယ်သူ့ကိုမှ ခေါင်းငုံ့စရာမလို ။ စိတ်ရှိရင် မကျေနပ်တဲ့သူကို ဆွဲထိုးပြီး ဒူးထောက်ခိုင်းလို့ရသည့်အပြင် ထိုင်ပါရှိခိုးခိုင်းနိုင်သည့် ဉာဏ်မင်းမောင် ။ အဲ့လိုလူက လူတစ်ယောက်ကြောင့် ငိုကြွေးခဲ့သည်လား ။ လူတစ်ယောက်ကြောင့် ပြိုလဲခဲဖူးသည်တဲ့လား ။

အထွန်း / အထြန္း ( Completed )Where stories live. Discover now