Episode 1, Jane's Heart

3.4K 166 20
                                    

.

UNICODE

Deze afbeelding leeft onze inhoudsrichtlijnen niet na. Verwijder de afbeelding of upload een andere om verder te gaan met publiceren.

UNICODE

.
Timelineက ဟိုဟိုဒီဒီသွားပြီး တစ်ယောက်ဆီရဲ့ point of viewကိုဖော်ပြချင်တာအဓိကမို့ စာပိုဒ်တိုင်းအပေါ်က ခုနှစ်တွေ၊ လတွေကို သေချာဖတ်ပေးပါ။
.
Intro

နေရာတိုင်း၊ အရာရာတိုင်းမှာ မင်းရဲ့ပုံရိပ်တွေ၊ အငွေ့အသက်တွေချည်းပဲ Janeရဲ့...။ ဘာလို့များ ထွက်သွားခဲ့ရတာလဲကွယ်။
-Jisoo Kim-

ကျွန်မမျက်ဝန်းတွေထဲကိုသေချာကြည့်ပေးပါ။ ဒီနှလုံးခုန်သံကို ကျွန်မခံစားချက်တွေနဲ့ မရောထွေးလိုက်ပါနဲ့။ ကျေးဇူးပြုပြီး Roséကို Roséအဖြစ်ပဲမြင်ပေးပါလား Jisooရယ်။
-Roseanne Park-

အမြဲတမ်း နောက်ကွယ်မှာနေနေခဲ့တဲ့ တစ်စုံတစ်ယောက်ကို အခွင့်အရေးပေးပါဦးလားကွယ်.., ဟိုးအစကတည်းက ရှုံးနိမ့်ခဲ့ပြီးသားပေမဲ့ ကျွန်မကြိုးစားချင်သေးတယ်... ဒီတစ်ခါတော့ ကမ်းပေးနေတဲ့ ကျွန်မရဲ့ဟောဒီလက်ကို လက်ခံကြည့်ပါJi...
-Jennie Ruby Kim-
_________

........................................

Present day, 2019. August

_Roseanne Park_

"ဟယ်လို ဒီမှာထိုင်လို့ရမလား"

ဆေးရုံ cafeteriaတဝိုက် ဝေ့ကြည့်လိုက်တော့ စားပွဲလွတ်တွေ အများကြီးရှိနေသည်။ သို့သော် ဒီဆရာဝန်မလေးဟာ ကျွန်မမျက်နှာချင်းဆိုင်မှာသာ လာထိုင်ခွင့်တောင်းနေလေသည်။

"ဟုတ်...ရပါတယ်"

သေသပ်တဲ့ ဂျူတီကုတ်အောက်မှာ အဖြူရောင်shirtနှင့် ဘောင်းဘီက မိုးပြာရောင်ဂျင်းအရှည်။ မစည်းပဲချထားတဲ့ဆံပင် ညိုနုနုတွေဟာ ပခုံးကျော်ကျော်ထိရှည်သည်။ ချောကလက်ရောင်ရင့်ရင့် မျက်ဝန်းတွေဟာ ပင်ပန်းနေပုံပေါ်ပေမဲ့ ရွှန်းစိုစွာ လှပနေဆဲပင်။ နှာတံမြင့်မြင့်ကြောင့် သူ့ပုံစံဟာ အာရှသူရုပ်ပေမဲ့ တစ်မျိုးတစ်မည်ကွဲထွက်နေသလိုလို... အာရှသူတွေဟာ နှာတံမြင့်မြင့်တွေမရှိတာများသည်ဟု ကျွန်မထင်မိ၍ဖြစ်သည်။

When We Fall...   [U+Z]Waar verhalen tot leven komen. Ontdek het nu