ထိုအချိန် ကုချန်၏ ဖုန်းလာသဖြင့် သူက ပိုင်ရီအား သတိပေးကာ ထွက်လာခဲ့သည် ။ ပြောလာသည့်သူကြောင့် လက်ရှိ ကိစ္စသည် ကုမိသားစု ၊ ရှုမင်ရန် နဲ့ လင်ရှောင်းရီ တို့၏ အာဏာပေါင်းစည်းခြင်းမှာ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သိလိုက်ရသည် ။ တစ်ယောက်ချင်းစီတောင် အင်အားကြီးနေခြင်းဖြစ်ကာ သုံးယောက်ပေါင်းသွားချိန်တွင် အထက်လူကြီးများက အတော်ခေါင်းရှုပ်သွားကြလေသည် ။ သူတို့က ထိုလူများအား ဖြိုခွဲဖို့ မစောင့်နိုင်ကြတော့ပေ ။
ကုချန်က ဖုန်းပြောပြီးနောက် အတော်လေးနားလည်သွားလေသည် ။ ဇာတ်ကြောင်းတွင် ပိုင်ရှ သည် ထိုသုံးယောက်၏ အင်အားကို စမ်းသပ်ဖို့ ထိုးကျွေးခံလိုက်ပုံပင် ။ သို့သော် ထိုသုံးယောက်သည် ပိုင်မိသားစုအား နင်းခြေကာ ပိုလို့ပင် အားကြီးလာကြသည် ။ ပိုင်ရီသာ မရှိပါက ပိုင်မိသားစုသည် လုံးဝ ခြေမွခံလိုက်ရပေလိမ့်မည် ။
သူအခန်းတွင်းသို့ ဝင်လာချိန်တွင် လေထုသည် မသက်မသာဖြစ်နေကာ အခန်းတွင်း အပူချိန်ပင် ကျလာသယောင် ။ ကုချန်က အခြေအနေအား လေ့လာလိုက်သည့်အချိန်တွင် လင်ရှောင်းရီ၏ အမှုအရာသည် အနည်းငယ်ပြောင်းလဲနေသည် ။ ထိုသူက ဒေါသထွက်နေသော်ငြား ဒေါသကို ထိန်းချုပ်ထားသည့်ပုံပင် ။ သူက ကုရှောင်းဆုပ်ကိုင်ပေးထားသော လက်အား ဖြတ်ခနဲ မြင်လိုက်ရသေးသည် ။
ပိုင်ရီ၏ အခြေအနေက ကောင်းမွန်နေသဖြင့် သူက ဝင်ပါဖို့ မလိုဟု ခံစားရကာ ဘာမှမလုပ်တော့ပေ ။ ‌သူက လက်ရှိ ပိုင်ရီ အန္တရယ်မရှိဟု သေချာသွားသဖြင့် ‌ပြန်သွားရန်ပြင်လိုက်သည် ။ " မသက်မသာခံစားရရင် .. ဒီနေ့အလုပ်နားလိုက်ပါလား .. " ကုချန်၏ စကားကြောင့် ပိုင်ရီ၏ အမှုအရာက ပြောင်းသွားကာ " မပြောနဲ့တော့ .. " သူက ကုချန်အားကြည့်ကာ မျက်ခုံးပင့်လျက် " ဒီလောက်နဲ့တော့ မမှုဘူး .. မင့်ကိုကိုက ဒီထက်ပြင်းထန်တဲ့ ဒဏ်ရာတွေတောင်ရဖူးသေးတယ် "
ကုချန်က ခေါင်းတညိတ်ညိတ်ဖြင့် " ဒါဆို နောက်တစ်ခါ ညင်သာစရာ မလိုတော့ဘူးပေါ့ "
" အားချန်!!!!မင်း!!!  "
" အာ .. ကျွန်တော် အတန်းချိန်ရှိသေးလို့ .. ညနေလာကြိုမယ်နော် .. bye bye "