ပိုင်ရီ၏ အသံကြောင့် ကုချန်က မော့ကြည့်လိုက်ကာ " လင်ရှောင်းရီ.. " ဒီကုရှင်း၏ ရုပ်သေးရုပ်လေးဖြစ်မည့် ဗီလိန် လင်ရှောင်းရီ အကြောင်းအား မမေးနိုင်ခင်ပင် ပိုင်ရီ၏ ဖုန်းသံက မြည်လာလေသည် ။
တဖက်က ဘာ‌ပြောနေသည်ကို မကြားရသော်လည်း ကုချန်က ပိုင်ရီ၏ အမှုအရာ ဆိုးရွားလာသည်ကို တွေ့ရလေသည် ။ ဇာတ်ကြောင်းတွင် လက်ရှိ ပရော့ဂျက်အား တာဝန်ယူသူမှာ ပိုင်ရီ၏ ဖခင်ဖြစ်သည် ။ ဒီကိစ္စလုပ်နေရင်း ဆုံးပါးသွားခဲ့ခြင်းပင် ။ ကုချန်က ပိုင်ရီအား လေးနက်စွာကြည့်လိုက်သည်။ လက်ရှိ တာဝန်ခံသူမှာ ပိုင်ရီဖြစ်သဖြင့် ထိုအန္တရယ်သည် ပိုင်ရီထံသို့ မဦးတည်နေဟု မပြောနိုင်ပေ ။
" ကိုယ်..."
" လိုက်ခဲ့မယ် .."
တပြိုင်နက်ထွက်လာသည့်အသံနှစ်ခု အဆုံးတွင် ကုချန်က ဘာမျှထပ်မပြောတော့ဘဲ ကားကိုသာ မောင်းနှင်လိုက်တော့သည်။
ကုချန်က ဖုန်းဖြင့် စာတစ်ခုအားပို့လိုက်ကာ ရုံးထဲသို့ အလျင်အမြန်ဝင်သွားသည့် ပိုင်ရီ၏ အနောက်မှ တိတ်တဆိတ်လိုက်ပါသွားခဲ့သည် ။ ပိုင်ရီသည် ရုံးခန်းတံခါးအရှေ့ရောက်သည်နဲ့ သူ့ပုံစံကို ထိန်းလိုက်သည် ။ သူ့တွင် သွေးပျက်ကာ ထိတ်လန့်သည့် အမှုအရာမရှိတော့ပေ ။ သို့သော် မျက်ဝန်းအတွင်း အေးစက်မှုက ပိုလာလေသည် ။
" အို .. Mr. ပိုင် ရောက်လာပြီဘဲ .." တံခါးဖွင့်လိုက်သည်နဲ့  ခပ်ဩဩယောင်္ကျားသံကို ကြားလိုက်ရသည် ။ ပိုင်ရီက ထူးမခြားနားအမှုအရာဖြင့် ရှိနေကာ ကုချန်အား လှည့်ကြည့်လိုက်သည် ။ ကုချန်က ခေါင်းညိတ်ကာ အဆင်ပြေ‌ကြောင်းပြလိုက်ပြီး သူက တိတ်တဆိတ်သာ ရပ်နေခဲ့သည် ။
လင်ရှောင်းရီဘေးတွင် အတွင်းရေးမှူးအလားရပ်နေသည့် ကုရှောင်း၏ အကြည့်က ကုချန်ထံသို့ ရောက်လာလေသည် ။ ကုချန်က သာမန်အကြည့်တချက်သာ ပေးလိုက်သည် ။ သူက လင်ရှောင်းရီ၏ အနောက်တွင် ကြိုးကိုင်နေသည်က ကုရှောင်းမှန်းသိနေခဲ့သည် ။ ကြည့်ရသည်မှာ ကုရှောင်းသည် ထင်သလောက် ရိုးသားသည့်ပုံမရချေ ။
ပိုင်ရီလက်ရှိရရှိထားသည့် ပရော့ဂျက်သည် နိုင်ငံတော်က ချပေးထားခဲ့ခြင်းပင် ။ သို့သော် ယခုအချိန်တွင် လင်ရှောင်းရီသည်လည်း ခွဲဝေတာဝန်ယူသူအဖြစ် ပေါ်လာလေသည် ။ ဒါသည် ပိုင်မိသားစုအား မလေးမစားပြုမှုခြင်းနဲ့ အလားတူလေသည် ။