3 . Soothing You

260 53 4
                                    

This is the story i've written for the donation project held by  * Eritrixis * .

Prolog of Long Version is updated with the name ,
* The Devil & his Nightingale * .

Enjoy .

………………

[ Unicode ]

ချစ်သောအရှင် မျက်မာန်ငြိုးကို … မပြေမှာ စိုးလှပါတယ် … ။

………………

CE 2021 သို့မဟုတ် ၂၁ရာစု၏ အစပိုင်း ။

ချူအွန်းမြို့ မြို့တော်ခန်းမ၌ ကျင်းပသော ယဉ်ကျေးမှုပွဲတော် က စည်ကားလှသည် ။

" ဆိုလ်းတက္ကသိုလ် အနုပညာဋ္ဌာနရဲ့ ဖျော်ဖြေမှုအတွက် လက်ခုပ်သံများ ချီးမြှင့်ပေးကြပါဦး…… "

လိုရီ ပါကင်းစ် လက်ခုပ်ကို စိတ်မပါ့တပါတီးလိုက်သည် ။ ဘေးမှ မိခင်ဖြစ်သူ၏ အလွန်တရာပျော်ရွှင်နေသောဟန်ပန်ကို မြင်တော့ လိုရီလည်း ပြုံးမိပါသည် ။ ကိုရီးယားလူမျိုး အရှေ့တိုင်းသူမိခင်၏ ဆန္ဒမှာ ရိုးရာယဉ်ကျေးမှုပွဲတော်ကို အနောက်တိုင်းသွေးတဝက်ရောသော သားဖြစ်သူနှင့် အတူဆင်နွှဲရန် ဖြစ်သည်လေ ။

" အခုတင်ဆက်မယ့် တေးကဗျာ ဟာ -မျက်တော်ဖြေ - လို့ အမည်ရပါတယ် … BC 57 ခု က မျက်မမြင်မိဘုရား လို့ အမည်တွင်ခဲ့တဲ့ ဘွဲ့အမည်မဲ့ အမျိုးသားဧကရီရေးစပ်ခဲ့တာဖြစ်ပါတယ် … "

[ FYI :  CE/ AD = BC + 200 + AD ]

ခန်းမကို အမှောင်ချထားသောကြောင့် စတိတ်စင်ပေါ်မှာ အရေးပေါ်မီးလုံးများကိုသာ မြင်ရသည် ။ နောက်ခံအသံနှင့်အတူ ဖျော့တော့သော အလင်းတပြက တောက်ပလာသည် ။

" ဧကရာဇ်အန်ဂျုံးဟာ အိမ်ရှေ့စံဘဝက အလွန်တရာအမျက်ဒေါသကြီးသူအဖြစ် သမိုင်းတွင်ခဲ့ပါတယ် …  အမျိုးသားမိဘုရားနဲ့ လက်ဆက်ပြီးနောက်မှာတော့ မိဘုရားကအမျက်ဒေါသတွေကို ဒီတေးသွားနဲ့ လျော့ပါးစေခဲ့တယ် လို့ သိရပါတယ် … "

သေးငယ်သော အဖြူရောင်ပုံရိပ်လေးတစ်ခုသည် စတိတ်စင်ပေါ်သို့ ဖြေးညှင်းစွာ လျောက်လာသည် ။ လှပသောအဖြူရောင်ဝတ်စုံကို ကောင်းကင်ပြာရောင်ဖြင့် အနားသတ်ထားသည် ။ ရွှေရောင်ဇာမဏီနှစ်ကောင်က ဝတ်စုံရြေှ့ခမ်း၏ တဖက်တချက်တွင် လှပစွာပျံဝဲနေကြသည် ။ ခပ်ဖွဖွစုချည်ထားသော ဆံနွယ်များပေါ်တွင် ရွှေရောင်ဇာမဏီဆံထိုးက လှပစွာနေရာယူထားသည် ။ ဖျော်ဖြေပွဲသာ မဟုတ်ခဲ့လျှင် ရှည်လျားသော အဖြူရောင်ဆံနွယ်များကအတု ဆိုသည်ကို လိုရီ ယုံမိလိမ့်မည် မထင် ။

You've reached the end of published parts.

⏰ Last updated: Sep 20, 2021 ⏰

Add this story to your Library to get notified about new parts!

Just A Love Story (ChanBaek Oneshot Collection)Where stories live. Discover now