2 . Long Live This Love

387 72 8
                                    

*Long Live This Love *

from * Forever and Always * moonsoon special ficbook published by Dream Publication

Thank you for your appreciation to my story .

.

& one more thing …

I've been written special long version of this short story with the name of
*Faces in the Photograph * .

………

(Unicode)

၁၉၉၆ ခုနှစ်…  ။
ပူပြင်းသော မေလနှောင်းရက်…  ။

အုတ်ကြွပ်မိုးအိမ်ငယ်လေးတလုံးရဲ့ အိမ်ဦးခန်းမှာ ဖြစ်တယ် ။

မကြာသေးခင်က ထွက်ထားတဲ့ Jurassic Park (1993)ရဲ့ ပိုစတာက အဝါရောင်နံရံလေးပေါ်မှာအကျအန နေရာယူထားတယ် ။ အနီရောင်ချေဂွေဗားရားခေါင်းစည်းကို စည်းထားတဲ့ ၁၃နှစ်အရွယ်ကောင်လေးနှစ်ယောက်ဟာ တချက်တချက် လှိုင်းတွန့်တွေ ပေါ်လာတတ်သော တီဗွီအစီအစဉ်ကို ကြမ်းခင်းပေါ်မှာထိုင်ကာ မမှိတ်မသုံထိုင်ကြည့်နေတယ် ။
သူတို့အနား သစ်သားစားပွဲဝိုင်းလေးဘေးမှာ ထိုင်နေတဲ့ အသက်၂၀အရွယ် ကောင်လေးကတော့ တခုခုအားမလိုအားမရဖြစ်နေဟန်နဲ့ လက်သီးလေးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားတယ် ။

ခပ်စူစူဖြစ်နေတဲ့နှုတ်ခမ်းဖူးလေးကို စောင်းငဲ့ကြည့်ရင်း ကောင်လေးတွေထဲက တယောက်က စပြောတယ် ။

" အိမ်း… ဒီလိုနဲ့ ပြတ်မှပဲ … "

- ဒူ ဝေဝေဝေဝေ -

ဗုဒ္ဓဘုရားရှင်ရှေ့မှောက်မှာ ကြေးစည်ထုကာ အမျှဝေတဲ့ အသံတော့မဟုတ်ပါ ။ ဘတ်ဟျွန်းရဲ့ လက်ဆစ်မာမာလေးနဲ့ ညီအငယ်ကောင်ဆယ်ဟွန်းရဲ့ နဖူးပြင် ထိခတ်သွားတဲ့အသံသာ ဖြစ်ပါတယ် ။

နီရဲသွားတဲ့ နဖူးဖြူဖြူကို စိုက်ကြည့်ရင်း ဆယ်ဟွန်းရဲ့အမွှာအစ်က်ို ဘတ်ဟျွန်းရဲ့ ညီအကြီးကောင် ဖြစ်တဲ့ ဂျုံအင်က ဝင်ပြောတယ် ။

" ပြတ်တာမျိုးမဟုတ်ဘဲ……… နောက်တယောက်တွေ့သွားတာ ဆိုရင်ကော……  "

- ဒေါင်~  -

ဘုရားကျောင်းက ခေါင်းလောင်းသံလည်း မဟုတ်ခဲ့ပါ ။ ဂျုံအင်ခေါ် ခါအီရဲ့နဖူးက်ို ထိခတ်သွားတဲ့  လက်ဆစ်လှလှလေးရဲ့ အသံပဲ ဖြစ်ပါတယ် ။

"" အာာာာာာာ … ဘတ်ဟျွန်းနီ~  ""

"တော်စမ်း !!! "

Just A Love Story (ChanBaek Oneshot Collection)Where stories live. Discover now