1 . A Story

598 84 8
                                    

*A Story*

Donation project from ChanBaek Ficguide Myanmar .

Thank you for your appreciation to my short story .

……

(Unicode)

A Story

(၁)

မျက်လုံးတွေကို ဖွင့်… နားတွေကို စွင့်ထားတော့ မိတ်ဆွေ … ။

ကျွန်ုပ်မှာ သင့်ကို ပြောပြဖို့ ပုံပြင်လေးတစ်ခု ရှိနေတယ် ။

တခါတုန်းကပေါ့ … တိရစ္ဆာန်တွေနဲ့ သစ်ပင်တွေရဲ့ ဘာသာစကားဟာ လေထုထဲမှာ ပျံ့လွင့်နေခဲ့စဉ်က… ။ အမိမြေ ဂိုင်ယာ ( Gaia / Earth)ကို လူသားမျိုးနွယ် နဲ့ သားရဲမျိုးနွယ်တွေ အတူတကွမျှဝေနေထိုင်ခဲ့ကြတယ်။

လူသားမျိုးနွယ်တွေဟာ မှော်ပညာ ဆေးပညာတွေက်ို သင်ယူလေ့လာကြချိန်… သားရဲမျိုးနွယ်တွေကတော့သူတို့ရဲ့ အသွင်းပြောင်းနိုင်သော "သားရဲခန္ဓာ" ကို သွေးဆက်အလိုက် မျှဝေထိန်းသိမ်းကြတယ်။ လူသားတွေမှာ ယောက်ျား မိန်းမ ဆိုတဲ့ လိင်သတ်မှတ်ချက်နဲ့ခွဲခြားတယ်။ သားရဲတွေမှာတော့  အယ်လ်ဖာ ဘီတာ အိုမီဂါ ဆိုတဲ့ အဆင့်သတ်မှတ်ချက်နဲ့သာ ခွဲခြားတယ် ။

သားရဲမျိုးနွယ်ဟာ သာမာန်အချိန်တွေမှာ လူအသွင်နဲ့ပဲ နေထိုင်လေ့ရှိတယ် ။ လူသားတွေနဲ့ ကွဲပြားတာကတော့ ညာဖက်ပါးပြင်ပေါ်မှာ သားရဲအမှတ်အသားဖြစ်တဲ့ လက်သည်းရာအစင်းကြောင်းကြီးတွေ ရှိနေတတ်တာပဲ ဖြစ်တယ် ။

သားရဲတွေက အင်အားကြီးသလို လူသားတွေဟာလည်း သန်မာကြတယ် ။ ဒါပေမယ့် လောကကြီးမှာ သေးငယ်ပြီး နုညံ့တာလည်း ရှိပါသေးတယ် ။ သူတို့ကတော့ ဟိုက်ဘရီဒါ(ကပြားမျိုး)လို့ ခေါ်တဲ့ သားရဲမကျ လူသားမကျ မျိုးနွယ်ပါပဲ ။

ဟိုက်ဘရီဒါတွေဟာ သားရဲခန္ဓာ ဒါမှမဟုတ် လူသားခန္ဓာဆီကို အပြည့်အဝမပြောင်းလဲနိုင်ကြ ။  သူတို့ ရဲ့ အသွင်ဟာ လူသားရဲ့ ကိုယ်ခန္ဓာအကြမ်းထည်ကို သားရဲနားရွက်လေးတွေ အမြီးလေးတွေ တောင်ပံလေးတွေနဲ့ အလှဆင်ထားသလိုပါပဲ ။
ဟိုင်ဘရီဒါရဲ့ မျိုးရိုးဗီဇဟာ လွှမ်းမိုးခံဗီဇဖြစ်တယ် ။ သူတို့ရဲ့ သားသမီးတွေဟာ မိတ်ဖက်ရဲ့ မျိုးနွယ်ကိုသာ ဆက်ခံကြတယ် ။ ဥပမာအားဖြင့် … လူသား နဲ့ ဟိုင်ဘရီဒါ ပေါင်းဖက်မိရင် မွေးလာတဲ့သားသမီးလေးတွေဟာ လူသားလေးတွေသာ ဖြစ်လာတယ် ။

Just A Love Story (ChanBaek Oneshot Collection)Where stories live. Discover now