Extra

3.9K 249 29
                                    

"ကိုကို ကျွန်တော်အလုပ်လုပ်ချင်တယ်"

ဧည့်ခန်းထဲမှာ TV ကြည့်နေရင်း Taehyung ပေါင်ပေါ်ကိုတက်ထိုင်ကာ Jungkook ပြောသည်

"ကလေးကဘာအလုပ်လုပ်ချင်တာလဲ"

ပေါင်ပေါ်ကိုအတင်းတိုးဝင်ကာထိုင်နေသည့် Jungkook ရဲ့ခါးလေးကိုပြန်ဖက်ထားကာ Taehyung ပြောသည် အခုဆိုရင်သူတို့နှစ်ယောက်ချစ်သူဖြစ်တာတစ်လနီးပါးရှိပြီဖြစ်သည်...နှစ်ဖက်မိဘတွေကိုဖွင့်ပြောပြီးသလိုမိဘတွေကလည်းသဘောတူကြသည်....ထို့ကြောင့်သူတို့နှစ်ယောက်လက်ထပ်ဖို့စီစဉ်နေကြပြီဖြစ်သည်...လောလောဆယ်တော့သူတို့နှစ်ယောက် Hongdae မှာတိုက်ခန်းဝယ်ကာအဲ့ဒီမှာပဲအတူတူနေဖြစ်ကြသည်...အစကတော့ Jungkook ကမနေချင်ပေ အသက်အရွယ်ကငယ်သေးသလို၊မိဘနဲ့ခွဲမနေချင်တာကြောင့်လည်းဖြစ်သည်...သို့သော် Taehyung ကချစ်သူဖြစ်ပြီးနောက်ပိုင်း Jungkook ကိုမျက်စိအောက်ပင်အပျောက်မခံတော့ချေ...ကြာလာတော့ Mr.Jeon နဲ့ Ms.Jeon ကပင်အမြင်ကတ်လာလေသည်
ထို့ကြောင့်နောက်ဆုံးတော့နှစ်ယောက်အတူတူနေဖို့ပဲဆုံးဖြတ်လိုက်ကြသည်....

"မသိဘူး တစ်ခုခုပေါ့ အိမ်မှာနေရတာပျင်းလာပြီ"

"ကလေးကဘာကျွမ်းလဲ"

"ပုံဆွဲတတ်တယ်လေ နေပါအုံး ကိုကို့ company က
ဝန်ထမ်းခေါ်ဖို့မရှိဘူးလား"

"ဟင် ဘာလုပ်မလို့လဲ"

"ကျွန်တော်အလုပ်လျှောက်မလို့လေ"

"ဟာ...မရပါဘူး ကလေးကလည်း ပင်ပန်းမှာပေါ့"

"ကိုကိုကလည်းမပင်ပန်းပါဘူး fashion company
မှာလုပ်တာဘယ်လောက်ပင်ပန်းမှာမို့လို့လဲ လုပ်ချင်တယ် နော် ကိုကို နော်လို့"

Taehyung ရဲ့လည်ပင်းနားကိုကြောင်လေးတစ်ကောင်လိုခေါင်းလေးတိုး​ဝှေ့ကာပြောနေသည့် Jungkook သည်တကယ်ပင်ချစ်ဖို့ကောင်းလွန်းလေသည်....သူလိုချင်တာရှိတိုင်းထိုသို့ချွဲကာလိုချင်တာကိုမရရအောင်ယူတတ်သည့် Jungkook ရဲ့အနွံတာကို Taehyung ကျေကျေနပ်နပ်ကြီးခံယူမြဲဖြစ်သည်

"ဟူးးးဒီကောင်လေးကတော့နော် ပြီးတာပဲ design တွေဆွဲပေးပေါ့ ဟုတ်ပြီလား အလုပ်ခန့်လိုက်ပြီနော် နေအုံး ကြိုပြောထားမယ်နော်"

𝗛𝘂𝗿𝘁☘︎︎Où les histoires vivent. Découvrez maintenant