Part-16

2.7K 263 27
                                    

"Jimin Hyung နဲ့ Jin Hyung တို့ကဘာလို့ငိုနေတာလဲ Kookie ကဘာမှဖြစ်တာမှမဟုတ်တာကို တိတ်တော့ Kookie ပါလိုက်ငိုမှာနော်..."

Jungkook ကိုလေဆိပ်လိုက်ပို့ရင်း Jimin နဲ့ Jin ငိုနေကြသောကြောင့် Jungkook ကရန်ထောင်နေခြင်းဖြစ်သည်

"ငါ့ကလေးလေး ဟိုကျရင်လိမ်လိမ်မာမာနေနော်...အီးးးးဟီးးးး"

"အွန်းပါ Jin Hyung ကလည်း ပြီးတော့ Kookie ကကလေးမဟုတ်တော့ပါဘူးနော် လူကြီးလုပ်တော့မှာ တိတ်တော့"

"အစုတ်ပလုတ်လေးလျှောက်ပြောမနေနဲ့ Hyung တို့ကလေးလေးပဲအမြဲတမ်း..အီးးးဟီးးး"

"အွန်းပါအွန်းပါ ဒီကိစ္စကိုကိုကိုမသိစေနဲ့နော်..."

"အွန်း မပြောဘူး စိတ်ချ"

Jungkook နဲ့Jimin Jin တို့ကိုပါးကိုနမ်းလိုက်ပြီးပြောလိုက်သည်

"Kookie ကအကြာဆုံးသုံးနှစ်ပဲ ပြန်လာရင်အခုပုံစံနဲ့မတူအောင်ပြန်လာခဲ့မယ်နော် စောင့်နေ တာ့တာ.."

"အွန်း နေကောင်းအောင်နေနော်.."

"ဟုတ်..Omma နဲ့ Appa တာ့တာ"

"အေးပါ သားငယ်ရယ် တာ့တာ တာ့တာ ဟိုကျရင်အဆင်မပြေတာရှိရင်သားရဲ့တီလေးကိုအကုန်ပြောပြနော်"

Jungkook က Canada ရောက်ရင် Omma ရဲ့အစ်မဖြစ်သူတီလေးနဲ့အတူနေရမှာဖြစ်သည်

"ဟုတ်ကဲ့ပါ တာ့တာနော်"

"အွန်းအွန်း...ငါ့သားလေးအန္တာရာယ်ကင်းဘေးရှင်းပါစေကွယ်.."

Jungkook Omma၊Appa၊Jin နဲ့ Jimin တို့ကိုနှုတ်ဆက်ကာလေယာဉ်ပေါ်ကိုတက်လာခဲ့သည် Taehyung သာဒီနေရာမှာရှိနေရင်ဆိုတဲ့အတွေးကိုဖျောက်ဖျက်ဖို့ကြိုးစားရင်း........
.
.
.
1 week later..

"အန်တီရေ!.."

"အော် သားTaehyung လာလေ"

"ကလေးရော အန်တီ ဒီမှာကျွန်တော်သူ့ဖို့မုန့်ဝယ်လာတယ် အခုချိန်လောက်ဆိုရင်တော့ကျွန်တော့်ကိုစိတ်ကောက်ပြေလောက်ပါပြီနော ကျွန်တော်သွားတွေ့လို့ရပြီလား အန်တီ ကလေးကကျောင်းနားထားတာလည်းကြာလှပြီနော် စာတွေရောရရဲ့လား..."

စကားတွေကိုအသက်မရှုစတမ်းတရစပ်ပြောနေသည့် Taehyung ကိုကြည့်ကာ Mrs.Jeon သနားသွားသည် Jungkook Canada ကိုရောက်နေတယ်ဆိုတဲ့အကြောင်းကို Taehyung ရဲ့မိဘတွေပဲသိထားလေသည် Taehyung ကိုတော့မပြောပြထားကြ...နေမကောင်းလို့ကျောင်းနားထားတယ်ဆိုပြီးတော့ပဲလိမ်ပြောထားကြသည် ဘာပဲဖြစ်ဖြစ်အချိန်ကြာကြာလိမ်ထားလို့မရတဲ့ကိစ္စဆိုတာကိုသိပေမယ့်အချိန်တော်တော်ကြာတဲ့အထိတော့လိမ်ထားလို့ရတယ်ဆိုပြီးထင်ထားခဲ့ကြခြင်းဖြစ်သည်....

𝗛𝘂𝗿𝘁☘︎︎Where stories live. Discover now