Part-4

3.6K 317 11
                                    

Jimin ကနှစ်သိမ့်ပြီးနောက်ပိုင်း Jungkook နည်းနည်းတော့စိတ်သက်သာရာရလာသည် Taehyung ကိုလည်းတတ်နိုင်သလောက်ရှောင်မယ်ဆိုပြီးတော့ စိတ်ဆုံးဖြတ်ထားသည် ဒါပေမယ့် နှလုံးသားကဦးနှောက်ထက်ပိုပြီးအားသာနေတာကိုသူဘယ်လိုလုပ်ရမလဲ
အခုလည်း canteen မှာ Jin Hyung တို့နဲ့နေ့လည်စာအတူတူစားမလို့ချိန်းထားတာ သူတို့ကအတန်းမပြီးသေးလို့ထင်တယ် မလာကြသေးဘူး အဲ့အချိန်မှာ....
Jungkook နဲ့မျက်စောင်းထိုးစားပွဲခုံမှာ ထိုင်နေတဲ့ Taehyung ကိုမြင်လိုက်ရသည် သူကိုယ်တိုင်တောင်မသိလိုက်ပဲ ခြေလှမ်းတွေက အဲ့ဒီစားပွဲခုံဆီသို့....

"ကိုကို..."

"Jungkook!မင်းဘာလာလုပ်တာလဲ"

"ကိုကိုနဲ့နေ့လည်စာစားမလို့လေ"

"ငါ့ကိုအဲ့လိုမခေါ်နဲ့လို့မင်းကိုဘယ်နှစ်ခါပြောရမလဲ ပြီးတော့ မင်းငါနဲ့စားလို့မရဘူး Somi နဲ့စားဖို့ချိန်းထားတာ သွား"

"ကိုကိုကလည်း....Kookie က ကိုကိုနဲ့စားချင်လို့ပါဆို"

"Jeon Jungkook!ငါ့ကိုဒေါသထွက်အောင်လာမလုပ်နဲ့ သွားတော့လို့ ငါပြောနေတယ်နော်"

"ဟယ်...Jungkook ရောက်နေတာပဲ ဘာကိစ္စလဲ ပြောပါအုံး"

Somi က Taehyung ရဲ့ပေါင်ပေါ်ကိုထိုင်ချလိုက်ရင်း Jungkook ကိုမေးသည်

"ဘာ...ဘာမှမဟုတ်ပါဘူး သွား..သွားတော့မှာပါ"

Taehyung နဲ့ Somi ရဲ့ပူးကပ်ပြီးချစ်ကြည်နူးနေကြတဲ့ပုံစံကိုကြည့်နေနိုင်လောက်တဲ့အထိ Jungkook မှာအင်အားမရှိပါ အဲ့တာကြောင့်ရှောင်လိုက်တာသူ့အဖို့အကောင်းဆုံးလို့ထင်သည်

"ဟယ် သွားတော့မလို့လား နေ့လည်စာအတူတူစားသွားပါလား နော် ကိုကိုရယ်"

"ဟင်...အင်း"

Jungkook ရဲ့ရင်ထဲမှာစူးနင့်လာပြန်သည် ခုနကပဲသူနဲ့နေ့လည်စာမစားချင်လို့အသည်းအသန်ငြင်းနေတဲ့ Taehyung က Somi ရဲ့စကားတခွန်းတည်းနဲ့တင်အရည်ပျော်ကျသွားတယ် Taehyung Somi ကိုကြည့်နေတဲ့အကြည့်တွေက သူငယ်ငယ်တုန်းကသူ့ကိုကြည့်ခဲ့တဲ့အကြည့်မျိုး ယုယမှုတွေ၊အချစ်တွေပြည့်နေတဲ့အကြည့်မျိုး....

𝗛𝘂𝗿𝘁☘︎︎Where stories live. Discover now