Final part

4.6K 290 30
                                    

"ဟယ်လို..."

"Kookie အခုထိမလာသေးဘူးလား ဘာလုပ်နေတာလဲ!!"

ဖုန်းအတွင်းမှာထွက်ပေါ်လာသည့်အသံစူးစူးကြောင့် Jungkook ဖုန်းကိုနားမှခွါကာမျက်နှာရှုံ့မဲ့သွားသည်

"Hyung တို့ဖို့ coffee ဝယ်နေတာ ဇွတ်တွေအော်နေတော့တာပဲ"

"အော် ဟုတ်လား ဟဲဟဲ မသိပါဘူး အခုထိများမထသေးတာလားလို့"

"ဒီအချိန်ထိအိပ်ရအောင် ကျွန်တော်ကငပျင်းမို့လို့လား"

"အေးလေ ဟုတ်နေတာပဲ"

"Jin Hyung!!"

"စတာပါ ကားဖြေးဖြေးမောင်းအုံးနော်"

"ဟုတ် ဒါပဲနော်"

"အေးအေး..."

Jungkook ဖုန်းချကာ coffee မှာဖို့တန်းစီနေလေသည်...ထိုအချိန်ဘေးမှာလာရပ်ကာကောင်တာထဲက
ကိတ်မုန့်တွေကိုလာကြည့်သည့်လူတစ်ယောက်ကိုသတိထားမိသွားကာကြည့်လိုက်မိသည်

"Mingyu Hyung....?"

ထိုလူက Jungkook ရဲ့အသံကိုကြားသောအခါလှည့်ကြည့်လာသည်

"ချာတိတ်!ဘယ်တုန်းကပြန်ရောက်တာလဲ"

"တစ်လလောက်တော့ရှိပြီ Hyung ရဲ့...ခဏလေး Hyung အချိန်ရှိတယ်မလား"

"အွန်း ရှိတယ်"

"အဲ့တာဆို Hyung ကျွန်တော့်ကိုခဏစောင့်"

"အွန်း ဟိုဘက်နားကစားပွဲမှာ Hyung စောင့်နေမယ်နော်"

"ဟုတ်"

Mingyu က ထောင့်ကျကျစားပွဲမှာသွားထိုင်ကာ Jungkook ကိုစောင့်နေလေသည်...Jungkook လည်း Jin တို့ကိုသူနောက်ကျမည်ဆိုတဲ့အကြောင်း message လှမ်းပို့ကာပြောသည်....ထို့နောက် Mingyu နဲ့သူဖို့ coffee မှာကာစားပွဲဆီကိုသွားလေသည်...

"ချာတိတ်ကပိုတောင်ချောလာတယ်"

"လာမြှောက်နေပြန်ပြီနော် Hyung ဘာလုပ်နေလဲ"

"Seoul National University မှာ basketball နည်းပြလုပ်နေတယ်"

"မိုက်လှချည်လား"

"ဟားဟား ထင်လို့ပါကွာ ချာတိတ်ကရော"

"ကျွန်တော်ကတော့ဘွဲ့ရပြီးကတည်းကအလေလိုက်နေတာပဲ ဘာလုပ်ရမှန်းကိုမသိသေးဘူး"

𝗛𝘂𝗿𝘁☘︎︎Où les histoires vivent. Découvrez maintenant