Chapter - 10 (Part 1)

Start from the beginning
                                    

"ဆရာ, ကျွန်​တော် တကယ်ကို လွမ်း​နေခဲ့တာ"

"ငါတို့ ဒီ​နေ့အတန်းထဲမှာ​​ကော မ​တွေ့ရလို့လား?"

"ကျွန်​တော် ဆရာ့ကို မ​တွေ့ရတာ တစ်နာရီ​​​လောက်ရှိပြီဆိုတာနဲ့တင် လွမ်း​လာ​​ကော" ​ရှောင်ရွှမ်းက ပြုံးရင်းနဲ့ သူ့နှုတ်ခမ်းပါး​တွေဆီ ကပ်လာခဲ့တယ်။

"အိုး..."

တစ်ခါတ​လေဆို အူးယမ်က ရှောင်ရွှမ်းနဲ့ လိုက်ဖက်တဲ့ပုံစံမျိုး လုံးဝဟုတ်​မနေဘူးလို့ခံစားရတယ်။ ​ရှောင်ရွှမ်းရဲ့​အ​ပြော​ကောင်းတဲ့စွမ်းရည်နဲ့ယှဥ်ရင် သူ့မှာ​ကတော့ အဲ့လိုချိုသာတဲ့စကားလုံးမျိုး​တွေ ရှိမ​နေဘူး။ သူ့ရဲ့ဟာသဥာဏ်ကလည်း အားနည်းကာ သူ့ရဲ့ပင်ကိုယ်စရိုက်ကလည်း စိတ်ဝင်စားစရာ​ကောင်းမ​နေတဲ့အတွက် သူတို့အတူရှိ​နေတဲ့အခါမျိုးမှာ ​ရှောင်ရွှမ်း ငြီး​ငွေ့သွားဖို့က ​မခက်ဘူးဖြစ်တယ်။

"မင်း ဒီ​နေ့ဘာလို့​ကျောပိုးအိတ် ယူမလာတာလဲ?"

"ကျွန်​တော်က အဲ့တာကို ဘာလို့သယ်လာရမှာလဲ?"

"မင်းစာ​တွေကို ပြန်လုပ်​​​ပေးဖို့အတွက် ဒီကို​ရောက်လာတာမဟုတ်ဘူးလား?"

​ရှောင်ရွှမ်းက သူ့နှုတ်ခမ်းသူ အလွန်ချစ်​စရာ​ကောင်းစွာကိုက်လိုက်ပြီး "ဆရာ, စာတွေကို ပြန်​​လေ့လာတာကလွဲလို့ အခြားဟာ လုပ်လို့မရဘူးလား?"

"ဒါက..." အူးယမ်က သူ့ကို ​ဖျောင်းဖျဖို့ ကြိုးစားလာတယ် "ဒါ​ပေမယ့် မင်းက စီနီယာ​လေ"
[*တရုတ်က အထက်တန်းစီနီယာ​တွေက ​ကောလိပ်ဝင်ခွင့်စာ​မေးပွဲ​ဖြေရပါတယ်တဲ့]

"စာ​​တွေ သေ​သေချာချာလိုက်မလုပ်တောင်မှ ကျွန်​တော့်အဆင့်က ထိပ်ဆုံးသုံး​နေရာက​နေ ကျမှာမဟုတ်ဘူးဆိုတာကို အာမခံနိူင်ပါတယ်"

"မရဘူး, ​ကျောင်းစာက အ​ရေးအကြီးဆုံးပဲ"

"ဒါ​ပေမယ့် ကျွန်​တော်က ဒီကို ချိန်း​တွေ့ဖို့လာတာ​လေ ဆရာရဲ့"

​ရှောင်ရွှမ်းရဲ့ မတူညီတဲ့​တောင်းဆိုချက် ရာ​ပေါင်းများစွာကိုလျစ်လျူရှုရင်း အူးယမ်က သူ့အတွက် ​လေ့ကျင့်ဖို့စာ​မေးပွဲ​မေးခွန်း​တွေကိုသာ ဇွတ်အတင်းရှာ​​ဖွေခဲ့တယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now