Why do fireflies have to die so soon?

Start from the beginning
                                        

ရွှေခေတ်က မြန်မြန်စကားစဖြတ်ကာ ဇာတ်ကားကြည့်ဖို့ကိုသာ အာရုံပြောင်းပေးလိုက်လျှင် နှစ်ယောက်သားငြိမ်သွားကြသည်။သို့နှင့် နိုရာကိုချီလက်စသူက အောက်ကမွှေးပွကော်ဇောပေါ်မှာပဲထိုင်ကာ နေသန်ကိုသွားမနှောင့်ယှက်အောင် ရင်ခွင်ထဲထည့်၍ထိန်းထားရင်း အတူတူကြည့်သည်။သူတို့နှစ်ယောက်ကြားထဲထိုင်နေသောနေသန်ကိုတော့ ရွှေခေတ်ကသိုင်းဖက်ပေးထားကာ သက်တောင့်သက်သာဖြစ်အောင်မှီကြည့်စေသည်။

ထို့နောက် ဇာတ်ကားစလိုက်သည်နှင့် တွေ့ရသောဇာတ်ဝင်ခန်းအားကြည့်ကာ နိုရာက သူ့ကိုမော့ကြည့်ပြီး မေးလာသည်။

"ဖေဖေ Seita လဲနေတာမြင်ရဲ့သားနဲ့ကို လူတွေက ဘာလို့ကျော်သွားကြတာလဲ...။ဘာဖြစ်လို့လဲလို့ ဘယ်သူမှလဲမမေးဘူး...။ရွံတယ်လို့တောင် ပြောသွားကြသေးတယ်..."

ဟုတ်ပြီ။

ဒါက အရင်ကြည့်ခဲ့ဖူးသည့်နှစ်ခေါက်လုံးမှာ အတွေးမပေါ်ခဲ့လေသော အမေးဖြစ်သည်ကြောင့် သူက ကျေနပ်စွာဖြင့်ပြုံးမိကာ သမီး၏အမေးကိုဖြေပေးလိုက်သည်။

"အဲ့ဒီအချိန်က ဒုတိယကမ္ဘာစစ်ဖြစ်ပြီးတော့ ဂျပန်မှာ စစ်ပြီးကာစအချိန်လေ သမီးရဲ့..။စစ်ဖြစ်နေတယ်ဆိုတဲ့သဘောက လူတိုင်းရဲ့ကောင်းကင်မှာ အမှောင်ဖုံးနေတဲ့အချိန်ဆိုတဲ့သဘောပဲ...။လူတိုင်းက ပူပင်သောကတွေနဲ့ ကိုယ့်အတွက်ကိုယ်၊ကိုယ့်အရေးကိုယ်ပဲ ဂရုစိုက်တွေးနေရတဲ့အချိန်..။လမ်းဘေးမှာ လဲကျနေတဲ့လူငယ်လေးတစ်ယောက်ကို ဘာဖြစ်လို့လဲမေးဖို့အချိန်ဆိုတာ သူတို့မှာမရှိဘူး...။ပြီးတော့ ဒီလိုမြင်ကွင်းလောက်က အဲ့ခေတ်ကာလကလူတွေအတွက်ဆို အရေးလုပ်နေရလောက်အောင် မထူးဆန်းတော့ဘူး...။မျက်စိရှေ့မှာ ဒီထက်ဆိုးတဲ့မြင်ကွင်းတွေတောင် မြင်ထားပြီးသားဖြစ်နေပြီ...။အဲ့ဒါကြောင့်မို့လဲ သေတော့မဲ့လူတစ်ယောက်ကို မဆိုင်သလို ကျော်သွားနိုင်ကြတာ...။

ဒါပေမဲ့ မေးဖို့အချိန်သာမရှိတာ ရွံတယ်လို့တော့ပြောသွားကြသေးတယ်ဆိုတာက လူရဲ့သဘာဝမို့လို့ပဲ...။အရေးကြီးနေတဲ့အချိန်မှာတောင် ဖျတ်ခနဲ ဖြတ်သွားရတဲ့အချိန်လေးအတွင်း ကောင်းတာကိုကြည့်ဖို့၊ကောင်းတဲ့အတွေးတွေးဖို့ထက် ဆိုးကွက်ကိုရွေးကြည့်မိ၊မြင်မိကြတာမျိုးက လူတေွရဲ့ထုံးစံအရ ဒါက လူ့သဘာဝ..။မြင်မိ၊ကြည့်မိတဲ့အတိုင်းပဲ ကိုယ့်ဘာသာမှတ်ထင်သွားကြတာမျိုး...။လူတိုင်းကတော့ ဒီလိုမဟုတ်ပေမဲ့ အများစုကတော့ အဲ့လိုပဲ...။သဘာဝအရကို 100 မှာ 80% လောက်က အကောင်းထက် အဆိုးကိုအရင် တွေးမိမြင်မိတတ်ကြတယ်..."

You are the only Exception!Where stories live. Discover now